တရားမမျှတမှုကို စိန်ခေါ်၊ လူ့အခွင့်အရေး မြှင့်တင်ရေး

Unitarian Universalist Service Committee သည် အခြေခံလူတန်းစား ပူးပေါင်းဆောင်ရွက်မှုများဖြင့် လူ့အခွင့်အရေးကို မြှင့်တင်ပေးပါသည်။

← စတင်မှုများ

Desert Support for Asylum-Seekers

အကျိုးအမြတ်မယူသည့် စေတနာ့ဝန်ထမ်းအခြေပြု အဖွဲ့အစည်းကို နယ်စပ်အခြေအနေတင်းမာမှုများ လျော့ပါးရန် ဖွဲ့စည်းထားသည်။
Desert Support for Asylum-Seekers

တည်နေရာ- Coachella Valley, ကယ်လီဖိုးနီးယား

Desert Support for Asylum-Seekers (DSAS) (DSAS) သည် နယ်စပ်၏နှစ်ဖက်စလုံးရှိ လူမှု့အဖွဲ့အစည်းများကို ကူညီခြင်း နှင့် အသိပညာပေးခြင်းတို့ဖြင့် ရွှေ့ပြောင်းနေထိုင်သည့် လူ့အခွင့်အရေးအတွက် စိတ်ပူပန်နေကြသောသူများအားလုံး နှင့် နိုင်ငံရေးခိုလှုံခွင့်တောင်းခံထားသူများစသည်တို့ကို ပံ့ပိုးရန် လုပ်ဆောင်ပေးသည်။ ၎င်းတို့သည် ကယ်လီဖိုးနီးယား၏ Coachella Valley ကို အာရုံစိုက်၍ လူအခွင့်အရေးများ၊ တင်းများမှုများ အဆုံးသတ်ခြင်း နှင့် နယ်နိမိတ်ကို ဖွင့်ချရန် လမ်းကြောင်းများ ဖန်တီးခြင်းတို့အတွက် အားပေးတိုက်တွန်းသည်။ ၎င်းတို့သည် နိုင်ငံရေးခိုလှုံသူများအတွက် အစားအစာ၊ ခိုလှုံရာနေရာ နှင့် အမိုးအကာတို့အပြင် Maxicali တွင် အစားအစာ နှင့် အခြေခံအဆောက်အအုံထောက်ပံမှုများဖြင့် ခိုလှုံရာနေရာများသို့ အကူအညီများ ပေးအပ်ခဲ့သည်။ ၎င်းတို့သည် အကျဉ်းကျခံနေရသော လူများကို ကူညီရန် စာရေးသားခြင်း နှင့် လာရောက်ကြည့်ရှုသည့် စေတနာ့ဝန်ထမ်းများနှင့် ညှိနှိုင်းဆောင်ရွက်သည်။ ၎င်းတို့သည် တရားဝင်ထောက်ခံချက်များ၊ အချက်အလက်များ၊ ထောက်ပံ့ ကူညီပေးမှုများ နှင့် ခင်မင်ရင်းနှီးမှုများကိုလည်း ပံ့ပိုးပေးသည်။ ၎င်းအကျဉ်းသားများ လွတ်မြောက်ပြီးချိန်တွင် သယ်ယူပို့ဆောင်ရေး၊ နေထိုင်ရေး၊ တရားဝင်ထောက်ခံမှု ရရှိရေး နှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အသုံးပြုခွင့်တို့ကို ထိုအဖွဲ့အစည်းမှ ထောက်ပံ့ပေးသည်။

UUSC ၏ပံ့ပိုးမှုဖြင့် DSAS သည် Maxicali ရှိ ခိုလှုံရာနေရာများအတွက် အစားအသောက် နှင့် ငွေကြေးအထောက်အပံ့များ ပံ့ပိုးပေးသည်။ ၎င်းတို့၏ထိန်းသိမ်းထောက်ပံ့မှုတွင် ထောက်ပံ့ကြေး၊ တရားဝင်ကိုယ်စားလှယ်များအတွက် လေ့ကျင့်ရေး နှင့် တစ်ကြိမ်ခရီးသွားလာမှုအတွက် ခရီးစရိတ် ပြန်ပေးခြင်းတို့ ပါဝင်သည်။ ထို့ပြင် Imperial Regional Detention Facility ၏ရင့်သီးရိုင်းစိုင်းသည့် သဘောထားကို စာရွက်စာတမ်းများဖြင့် မှတ်တမ်းတင်ခြင်းဖြင့် ၎င်းတို့ နိဂုံးချုပ်သွားစေရန် မျှော်လင့်သည်။ DSAS သည် Coachella Valley ရှိ ပြန်လည်လှုပ်ရှားနေပြီး လေ့ကျင့်နေကြသော အငြိမ်းစား‌ရှေ့နေများဖြင့် ဥပဒေပိုင်းဆိုင်ရာအထောက်အပံများကို ဖွဲ့စည်းရန် စီစဉ်သည်။ 

ဓာတ်ပုံ ခရက်ဒစ်- Desert Support for Asylum-Seekers

ဗမာစာ