တရားမမျှတမှုကို စိန်ခေါ်၊ လူ့အခွင့်အရေး မြှင့်တင်ရေး

Unitarian Universalist Service Committee သည် အခြေခံလူတန်းစား ပူးပေါင်းဆောင်ရွက်မှုများဖြင့် လူ့အခွင့်အရေးကို မြှင့်တင်ပေးပါသည်။

← စတင်မှုများ

Equality Bahamas

ဘဟားမားနိုင်ငံရှိ အမျိုးသမီးများအခွင့်အရေးကို လူ့အခွင့်အရေးအဖြစ် ထောက်ပံ့အားပေးနေသော အခြေခံလူတန်းစားများအဖွဲ့အစည်း။
Equality Bahamas

တည်နေရာ- နာဆောမြို့၊ ဘဟားမားနိုင်ငံ

Equality Bahamas (EB) သည် အခြေခံလူတန်းစားများ အဖွဲ့အစည်း ဖြစ်ပြီး လူ့အခွင့်အရေးများအဖြစ် အမျိုးသမီးများအခွင့်အရေးတို့ကို ထောက်ပံ့အားပေးရန် ၂၀၁၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ ၎င်းသည် ပြည်သူများ၏ပညာရေး၊ လူမှု့အဖွဲ့အစည်းများနှင့် ထိတွေ့မှုတို့အပြင် Convention on the Elimination of All Forms of Discrimination Against Women (CEDAW) အပါအဝင် အဆင့်အမျိုးမျိုးရှိ ထောက်ခံအားပေးမှုများကို အာရုံစိုက်သည်။ လက်ရှိအာရုံစိုက်လျက်ရှိသော နယ်ပယ်များတွင် အဓမ္မပြုကျင့်မှုနှင့်ဆိုင်သော ဥပဒေပြဌာန်းခြင်း၊ ဖိုမမျိုးပွားမှုဆိုင်ရာ ကျန်းမာရေး နှင့် အခွင့်အရေးများကို အသုံးပြုခွင့် တိုးမြင့်လာခြင်းတို့အပြင် အမျိုးသမီးများ၊ LGBTQI+ နှင့် ရွှေ့ပြောင်းနေထိုင်သူများအပါအဝင် ဖိနှိပ်ခံရသည့် လူမှု့အဖွဲ့အစည်းဝန်းကျင်ရှိ အဖြစ်အပျက်များကို ဇာတ်ကြောင်းပြန် ရေးသားခြင်းတို့ ပါဝင်သည်။ EB သည် လက်ရှိတွင် ဟာရီကိန်းမုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းကို Land a Hand Bahamas နှင့် တွဲဖက်တာဝန်ယူလုပ်ကိုင်လျက်ရှိပြီး ဟာရီကိန်းမုန်တိုင်း Dorain နှင့် ၎င်းနောက်ဆက်တွဲအနေဖြင့် ဖြစ်ပေါ်ခဲ့သော အပျက်အဆီးများအတွက် လိုက်လံဆောင်ရွက်လျက်ရှိသည်။ 

Equality Bahamas ကို အမျိုးသမီးစေတနာ့ဝန်ထမ်းများဖြင့် လည်ပတ်ဆောင်ရွက်နေသည်။ ၎င်းစေတနာ့ဝန်ထမ်းများ၏ငါးဆယ်ရာခိုင်နှုန်းမှာ LGBTQI+ ဖြစ်ပြီး ကျန်တစ်ဝက်ကျော်မှာ လူငယ်များ ဖြစ်ကြသည်။ အဖွဲ့ကို အမျိုးသမီးအရေးထောက်ခံအားပေးသူတစ်ဖြစ်လဲ စာရေးဆရာတစ်ဦးဖြစ်သည့် Alicia Wallace မှ ဦးဆောင်သည်။ 

UUSC ၏မိတ်ဖက်အဖွဲ့အစည်းသည် မူဝါဒ ထောက်ခံအားပေးမှု နှင့် မြို့နေဘဝနှင့်ထိတွေ့မှုတို့တွင် လူမှုအဖွဲ့အစည်းဝင်များကို လေ့ကျင့်ရန်၊ ဘေးအန္တရာယ်ကာကွယ်မှုဆိုင်ရာ ပြင်ဆင်မှုများ နှင့် တုံ့ပြန်မှုများအတွက် ခိုင်မာသောမူဝါဒအကြံဉာဏ်များ ဖွံဖြိုးတိုးတက်လာစေရန်၊ နယ်စပ်ဒေသ အမျိုးသမီးများ၏မူဝါဒစည်းမျဉ်းများ ဖွံ့ဖြိုးလာစေရန်တို့အပြင် ဘဟားမား၏ဘေးအန္တရာယ်ကယ်ဆယ်ရေးမူဝါဒ မြင်ကွင်းကို ရေရှည်လွှမ်းမိုးစေရန်အတွက် အားပေးတိုက်တွန်းမှု/အသိပညာများ ထုတ်လုပ်ပေးရန်စသည့် EB ၏ကြိုးပမ်းမှုများကို ထောက်ပံ့ပေးသည်။

ဓာတ်ပုံ ခရက်ဒစ်- Equality Bahamas

Read This Next

ဗမာစာ