တရားမမျှတမှုကို စိန်ခေါ်၊ လူ့အခွင့်အရေး မြှင့်တင်ရေး

Unitarian Universalist Service Committee သည် အခြေခံလူတန်းစား ပူးပေါင်းဆောင်ရွက်မှုများဖြင့် လူ့အခွင့်အရေးကို မြှင့်တင်ပေးပါသည်။

← စတင်မှုများ

Foro de Mujeres por la Vida

ဟွန်ဒူရပ်စ်ရှိ လိင်အခြေခံသော အကြမ်းဖက်မှု နှင့် တမင်သတ်ဖြတ်ခံရမှုတို့အတွက် တိုက်ဖျက်ရန် လုပ်ဆောင်လျက်ရှိသော အဖွဲ့တစ်ခု။
Foro de Mujeres por la Vida logo

တည်နေရာ- Pedro Sula၊ ဟွန်ဒူရပ်စ်

၂၀၁၅ ခုနှစ်ကတည်းက UUSC သည် Foro de Mujeres por la Vida ၏လုပ်ငန်း(the Forum of Women for Life)ကို ပံ့ပိုးပေးပြီး၊ အမျိုးသမီးများ ပျောက်ဆုံးမှု နှင့် လူသတ်မှု (သတ်ဖြတ်ခံရခြင်း)တို့အပြင် ဟွန်ဒူရပ်စ်ရှိ လိင်အခြေခံသော အကြမ်းဖက်မှု အခြားပုံစံများကို ၎င်းတို့အနေဖြင့် ဆန့်ကျင်ကန့်ကွက်သည်။ 

အမေရိကန်အလယ်ပိုင်းရှိ ဟွန်ဒူရပ်စ်မြို့တွင်၊ အမျိုးသမီးများ အကြမ်းဖက်ခံရမှုအတွက် ပြစ်ဒဏ်ကင်းလွတ်မှုနှုန်းများ မယုံနိုင်ဖွယ် မြင့်မားလျက်ရှိသည်။ အမျိုးသမီးများ အသတ်ခံရမှု သို့မဟုတ် ပျောက်ဆုံးမှု၏ ၉၀ ရာခိုင်နှုန်းကျော်ကို အာဏာပိုင်များ မည်သည့်အခါမျှ မဖြေရှင်းနိုင်သည့်အပြင် အများပြည်သူအဖွဲ့အစည်းအချို့သည် ပြဿနာကို ရင်ဆိုင်ဖြေရှင်းရန် ရပ်တည်နေရသည်။ မကြာခဏဆိုသလိုပင်၊ ဟွန်ဒူရပ်စ်ပြည်နယ်၏အကျင့်ပျက်ခြစားမှုကြောင့် ဤပြစ်မှုကျူးလွန်သူများသည် ၎င်းတို့၏လုပ်ရပ်များအတွက် ပြစ်ဒဏ်များမှ လွတ်မြောက်သွားကြသည်။ ထို့ပြင် ၎င်းတို့နှင့် ချိတ်ဆက်ထားသည့် ရှိပြီးသား နိုင်ငံရေးဖွဲ့စည်းပုံများ၊ ရဲ နှင့် လုံခြုံရေးများ အပြင် အင်အားတောင့်တင်းစွာ ဖွဲ့စည်းထားသော မှုခင်းဆိုင်ရာအုပ်စုများသည် ဟွန်ဒူရပ်စ်အစိုးရပိုင်းဆိုင်ရာအထက်တန်းအလွှာကို ချဉ်းနင်းဝင်ရောက်ထားသည်။ 

အမျိုးသမီး ၁၆ ယောက် ဦးဆောင်သည့် လူမှု့အသိုင်းအဝိုင်း၏ ညွန့်ပေါင်းအဖွဲ့ဖြစ်သော Foro de Mujeres သည် ၎င်းတို့နယ်မြေများရှိ အမျိုးသမီးများ နှင့် လူ့အခွင့်အရေး ကာကွယ်ပေးသူများ ရင်ဆိုင်နေရသော အကြမ်းဖက်မှုမှတ်တမ်းများမှတစ်ဆင့် ဤပြဿနာကို ရင်ဆိုင်ဖြေရှင်းရန် ကြိုးပမ်းနေကြပြီး တရားမျှတမှု နှင့် ပြန်လည်ပြင်ဆင်မှုတို့ကို ၎င်းတို့၏အင်အားဖြင့် ရှာဖွေရန် လိင်အခြေခံသော အကြမ်းဖက်မှု၏သားကောင်များနှင့် အတူ လိုက်ပါဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် လူမှု့အသိုင်းအဝိုင်းအဆင့်ရှိ အမျိုးသမီးအဖွဲ့အစည်းများကိုလည်း အားဖြည့်ဆောင်ရွက်ပေးလျက်ရှိသည်။ here

ဓာတ်ပုံ ခရက်ဒစ်- Foro de Mujeres por la Vida

ဗမာစာ