UUSC Statement on Defending Philanthropic Freedom from Escalating Attacks

တရားမမျှတမှုကို စိန်ခေါ်၊ လူ့အခွင့်အရေး မြှင့်တင်ရေး

Unitarian Universalist Service Committee သည် အခြေခံလူတန်းစား ပူးပေါင်းဆောင်ရွက်မှုများဖြင့် လူ့အခွင့်အရေးကို မြှင့်တင်ပေးပါသည်။

← စတင်မှုများ

Groupe d’Appui aux Rapatriés et Refugiés (GARR)

GARR သည် အထူးသဖြင့် ရာသီဥတုနှင့်ပတ်သတ်သော ဖြစ်ရပ်များကြောင့် အိုးအိမ်စွန့်ခွာခဲ့ရသော၊ ထိုသို့ပြုလုပ်ရန် ဖိအားပေးခံရသော ဟေတီနိုင်ငံသားများ ပြည်တော်ပြန်ရန်အတွက် အထောက်အပံ့များကို ကူညီပံ့ပိုးပေးသည်။
Groupe d’Appui aux Rapatriés et Refugiés (GARR)

တည်နေရာ- Port-au-Prince၊ ဟေတီနိုင်ငံ

ဟေတီ၏မြို့တော်တွင် အခြေစိုက်ထားသော Groupe d’Appui aux Rapatriés et Refugiés (GARR) သည် ရွှေ့ပြောင်းနေထိုင်ရန် ၎င်းတို့၏အခွင့်အရေးကို ကြိုးပမ်းနေကြသော ဟေတီလူမျိုးများအတွက် ဆောင်ရွက်ပေးရန် ၎င်းတို့ကိုယ်တိုင် ပေးဆပ်ထားကြသည်။ အတိအကျဆိုရလျှင်၊ GARR သည်

  • ရွှေ့ပြောင်းနေထိုင်ရန် ၎င်းတို့၏အခွင့်အရေးကို ကြိုးပမ်းနေကြသောသူများအတွက် ပိုမိုကောင်းမွန်စွာ ပံ့ပိုးသော မူဝါဒများ၊ အမူအကျင့်များ နှင့် ဥပဒေများကို ထောက်ခံတိုက်တွန်းခြင်း၊
  • ရွှေ့ပြောင်းနေထိုင်ရန်အတွက် ၎င်းတို့၏အခွင့်အရေးကို ကြိုးပမ်းနေကြသူများ၏နေထိုင်မှု အခြေအနေအလုံးစုံကို တိုးမြှင့်ပေးနိုင်အောင် ဆောင်ရွက်ပေးခြင်း၊
  • ဟေတီ နှင့် ဒိုမီနီကန်သမ္မတနိုင်ငံအကြား ပိုမိုကောင်းမွန်သော ဆက်ဆံမှုများကို တိုးမြှင့်ခြင်း၊
  • ပြည်တော်ပြန်လာသူများအတွက် ခမ်းနားသော ကြိုဆိုမှုများကို ပံ့ပိုးပေးသည့် လုပ်ပိုင်ခွင့်များကို တိုးမြှင့်ခြင်း၊
  • လူ့အခွင့်အရေးချိုးဖောက်မှုများကို ကြုံတွေ့နေရမှုအတွက် ဥပဒေ နှင့် လူသားချင်းစာနာထောက်ထားသည့် အကူအညီများကို ပံ့ပိုးပေးခြင်းတို့အပြင်
  • နိုင်ငံအတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူများ၊ ဒုက္ခသည်များ နှင့် ပြည်တော်ပြန်လာသူများအတွက် ပြန်လည်ထူထောင်ရေး နှင့် ပြန်လည်ပေါင်းစည်းရေးတို့ကို ထောက်ပံ့ပေးသည်။

UUSC သည် ဟေတီရှိ ရွှေ့ပြောင်းနေထိုင်ရန် ၎င်းတို့၏အခွင့်အရေး နှင့် ဟေတီ၏လူမှု့အဖွဲ့အစည်းအတွင်းသို့ ပြန်လည်ပေါင်းစည်းမှု ရရန် ကြိုးပမ်နေကြသည့်သူများအား လိုက်ပါဆောင်ရွက်ပေးနေသော GARR ၏အရေးကြီးလုပ်ငန်းများတွင် ကူညီခွင့်ရသည့်အတွက် ဂုဏ်ယူမိပါသည်။ GARR ၏ထောက်ခံအားပေးမှုသည် ရွှေ့ပြောင်းနေထိုင်သူများ၏အခွင့်အရေး နှင့် ဘေးအန္တရာယ်ကြောင့် ပြင်းထန်စွာ ခံစားနေရသည့်သူများအတွက် အဓိကနေရာတွင် တည်ရှိနေပြီး ပိုမိုကောင်းမွန်သော ဟေတီနိုင်ငံကို တည်ဆောက်ရန်အတွက် ကမ်ပိန်းရှိ ကယ်ဆယ်ရေး လုပ်ငန်းတစ်ခုလည်း ဖြစ်သည်။

ဓာတ်ပုံ ခရက်ဒစ်- Groupe d’Appui aux Rapatriés et Refugiés (GARR)

ဗမာစာ