တရားမမျှတမှုကို စိန်ခေါ်၊ လူ့အခွင့်အရေး မြှင့်တင်ရေး

Unitarian Universalist Service Committee သည် အခြေခံလူတန်းစား ပူးပေါင်းဆောင်ရွက်မှုများဖြင့် လူ့အခွင့်အရေးကို မြှင့်တင်ပေးပါသည်။

← စတင်မှုများ

Live & Learn Environmental Education Kiribati

Live & Learn Kiribati သည် ပစိဖိတ်၊ အရှေ့တောင်အာရှ နှင့် အိန္ဒိယသမုဒ္ဒရာတစ်ဝှမ်း နိုင်ငံပေါင်း ၁၁ နိုင်ငံတွင် လုပ်ဆောင်လျက်ရှိကာ ဒေသတွင်း စာရင်းသွင်းထားသည့် အဖွဲ့အစည်းများ၏အင်တိုက်အားတိုက် သင်ကြားရေးကွန်ရက်တစ်ခု ဖြစ်သည်။
Live and Learn Environmental Education

တည်နေရာ- တာရာဝါပြည်နယ်၊ ခီရီဘာတီနိုင်ငံ

ပစိဖိတ်ဒေသတွင် ၎င်းတို့၏ နှစ် ၂၀ နီးပါးကြာ လုပ်ဆောင်မှုအတွင်း၊ Live & Learn သည် သောက်သုံးရေ၊ မိလ္လာစနစ်၊ တစ်ကိုယ်ရည် နှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး၊ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ ကပ်ဘေးအန္တရာယ်တွင်း ဆုံးရှုံးမှုများကို လျှော့ချရေး နှင့် အမျိုးသမီးများ လုပ်ပိုင်ခွင့်အာဏာရရှိရေးတို့ကို မြှင့်တင်ရန်အတွက် လူမှု့အသင်းအဖွဲ့များ၊ အစိုးရအဖွဲ့အဆင့်ဆင့်၊ ကမ္ဘာ့ကုလသမဂ္ဂကိုယ်စားလှယ်များအပြင် အစိုးရအချင်းချင်း ညှိနှိုင်းဆောင်ရွက်သည့်အဖွဲ့များ စသည်တို့နှင့် ယုံကြည်စိတ်ချရသော ဆက်ဆံမှုတစ်ခုကို တည်ဆောက်ထားသည်။

UUSC နှင့် Live & Learn Kiribati သည် ခီရီဘာတီရှိ ရာသီဥတုကြောင့် ဖိအားပေး အိုးအိမ်စွန့်ခွာမှုတို့ကို ရင်ဆိုင်ဖြေရှင်းရန် လူ့အခွင့်အရေးအခြေပြု ချဉ်းကပ်မှုကို ထောက်ခံအားပေးရန်၊ စီစဉ်ရန်၊ တည်ဆောက်ရန် နှင့် အသုံးပြုခွင့်ရရှိရန် မိတ်ဖက်အနေဖြင့် ဆောင်ရွက်လျက်ရှိသည်။

ဓာတ်ပုံ ခရက်ဒစ်- Live & Learn Environmental Education Kiribati

ဗမာစာ