Reach out to Congress: Stop Trump’s Weaponization of Immigration Powers

တရားမမျှတမှုကို စိန်ခေါ်၊ လူ့အခွင့်အရေး မြှင့်တင်ရေး

Unitarian Universalist Service Committee သည် အခြေခံလူတန်းစား ပူးပေါင်းဆောင်ရွက်မှုများဖြင့် လူ့အခွင့်အရေးကို မြှင့်တင်ပေးပါသည်။

← စတင်မှုများ

Martynka

ယူကရိန်းရှိ လိင်အကြမ်းဖက်ခံရမှုအန္တရာယ်မှ လွန်မြောက်လာသူများကို ကူညီထောက်ပံ့ခြင်း။
Martynka

တည်နေရာ- Kraków, ပိုလန်နိုင်ငံ

ပိုလန်နိုင်ငံတွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့သော ယူကရိန်းအမျိုးသမီးငယ်များမှ တည်ထောင်ထားပြီး၊ Martynka သည် ယူကရိန်းရှိ ရုရှားစစ်သားများမှ သို့မဟုတ် ပိုလန်နိုင်ငံရှိ (ဥပမာ- နေရာထိုင်ခင်းပေးသည့် လူများမှ) လိင်အကြမ်းဖက်မှုကို တွေ့ကြုံခဲ့ရသည့် ယူကရိန်းအမျိုးသမီးများအတွက် အကူအညီများ ပံ့ပိုးပေးသော ၂၄ နာရီ ရက်ပတ်လုံး ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုလိုင်းတစ်ခု ဖြစ်သည်။

အတိအကျပြောရလျှင်၊ အဖွဲ့အစည်းသည်- 

  • လူကုန်ကူးမှုကို ကာကွယ်ရန်၊
  • လိင်အကြမ်းဖက်ခံရသည့် နစ်နာသူများကို ဥပဒေ နှင့် စိတ်ပိုင်းဆိုင်ရာအထောက်အပံ့များ ရရှိလာအောင် ကူညီပေးရန်၊
  • ဆေးဝါးများသုံးစွဲ၍ ဘေးကင်းသည့် ကိုယ်ဝန်တားခြင်းနှင့် ပတ်သတ်သော အချက်အလက်များကို ထောက်ပံ့အသုံးပြုရန်တို့အပြင်
  • လိင်ကျန်းမာရေး၊ သားဆက်ခြားခြင်း နှင့် လိင်မှတစ်ဆင့် ကူးစက်မှုများနှင့်ပတ်သတ်သော အချက်အလက်များကို ဖြန့်ဝေခြင်း စသည်တို့ကို ဆောင်ရွက်ပေးသည်။ 

ရထားဘူတာရုံများ၊ အများသုံးရေအိမ်များ သို့မဟုတ် အကူအညီပေးသည့် ကောင်တာများတွင် ရောင်စုံလမ်းကမ်းစာစောင်များကို ဖြန့်ဝေခြင်းမှတစ်ဆင့်၊ Martynka သည် ၎င်းဝန်ဆောင်မှုများအား အမျိုးသမီးများကို သတိပေးပြီး အမျိုးသမီးများ လူကုန်ကူးမှုအန္တရာယ်ကို ရှောင်ရှားနိုင်စေရန် အချက်အလက်များကို ကူညီထောက်ပံ့ပေးသည်။

ယူကရိန်းသည် ရုရှား၏အပြည့်အဝကျူးကျော်မှုကို စတင်ခံရကတည်းက အမျိုးသမီးများ နှင့် မိန်းကလေးများ အကြမ်းဖက်ခံရမှု မြင့်တက်လာခြင်းကို ဆန့်ကျင်ရန် Martynka လုပ်ဆောင်မှုသည် မရှိမဖြစ် လိုအပ်သည်။ 

ဓာတ်ပုံ ခရက်ဒစ်- Martynka

ဗမာစာ