တရားမမျှတမှုကို စိန်ခေါ်၊ လူ့အခွင့်အရေး မြှင့်တင်ရေး

Unitarian Universalist Service Committee သည် အခြေခံလူတန်းစား ပူးပေါင်းဆောင်ရွက်မှုများဖြင့် လူ့အခွင့်အရေးကို မြှင့်တင်ပေးပါသည်။

← စတင်မှုများ

Rohingya Women Development Network (ရိုဟင်ဂျာ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်မှု ကွန်ရက်)

မလေးရှားနိုင်ငံရှိ ရိုဟင်ဂျာ ဒုက္ခသည် အမျိုးသမီးများအတွက် အကူအညီများ ပံ့ပိုးပေးလျက်ရှိသည်။
Rohingya Women Development Network

တည်နေရာ- ကွာလာလမ်ပူ၊ မလေးရှားနိုင်ငံ 

Rohingya Women Development Network (ရိုဟင်ဂျာ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်မှု ကွန်ရက်) (RWDN) ကို ၂၀၁၆ ခုနှစ်တွင် Sharifah Shakirah က တည်ထောင်ခဲ့သည်။ လူတိုင်းအတွက် ပိုမိုကောင်းမွန်သော အနာဂတ်တစ်ခုကို ပုံဖော်ရန်အတွက် အမျိုးသားများနှင့် အမျိုးသမီးများ အတူတကွလုပ်ဆောင်ရန် RWDN က ကြိုးစားအားထုတ်နေသည်။ အဖွဲ့အစည်းသည် ၎င်း၏တာဝန်ကို မှတ်ပုံတင်ထားသော ရိုဟင်ဂျာ ဒုက္ခသည် အမျိုးသမီး ၁၀၀,၀၀၀ ကျော် နှင့် မှတ်ပုံတင်မရှိသော ရိုဟင်ဂျာအမျိုးသမီး ၂၀၀,၀၀၀ ကျော်ရှိသည့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် စီမံခန့်ခွဲလျက်ရှိသည်။ ရည်မှန်းချက်အနေဖြင့် ဦးဆောင်မှု ဖွံ့ဖြိုးရေးအတွက် အမျိုးသမီးများ၏ဘဝ အတတ်ပညာပိုင်း ကျွမ်းကျင်မှု နှင့် အခွင့်အလမ်းများကို RWDN က သင်ကြားပေးသည်။

RWDN ၏ဝန်ထမ်းများ နှင့် အငှားနေရာ ချထားမှုများကို ထိန်းသိမ်းရန် UUSC က ပံ့ပိုးမှုအနေဖြင့် ခွင့်ပြုပေးသည်။ ဝန်ထမ်းအဖွဲ့ဝင်များအား မှတ်ပုံတင်ခြင်း၊ အမှုကိစ္စ စီမံဆောင်ရွက်ခြင်း နှင့် အကူအညီ ဖြန့်ဖြူးပေးခြင်း စသည့် အဓိက ဝန်ဆောင်မှုများကို ပံ့ပိုးပေးသည်။ ဆက်လက် ပညာပေးသင်ကြားမှုမှတစ်ဆင့် RWDN ၌ မှတ်ပုံတင်ထားသော အဖွဲ့ဝင်များ၏စွမ်းရည်များကို တည်ဆောက်ရန် RWDN က ဆက်လက်ဆောင်ရွက်ပါမည်။

ဓာတ်ပုံ ခရက်ဒစ်- Rohingya Women Development Network (ရိုဟင်ဂျာ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်မှု ကွန်ရက်)

ဗမာစာ