တရားမမျှတမှုကို စိန်ခေါ်၊ လူ့အခွင့်အရေး မြှင့်တင်ရေး

Unitarian Universalist Service Committee သည် အခြေခံလူတန်းစား ပူးပေါင်းဆောင်ရွက်မှုများဖြင့် လူ့အခွင့်အရေးကို မြှင့်တင်ပေးပါသည်။

← စတင်မှုများ

Solidarite Fanm Ayisyen (SOFA)

SOFA သည် လိင်မှုအခြေခံသည့် အကြမ်းဖက်မှု၏အကျိုးဆက်များကို ကာကွယ်ရန် နှင့် ဖြေရှင်းရန် ဟေတီနိုင်ငံတစ်ဝှမ်း အမျိုးသမီးများ နှင့် မိန်းကလေးများနှင့် ဆောင်ရွက်လျက်ရှိသည်။
Solidarite Fanm Ayisyen (SOFA)

တည်နေရာ- Port-au-Prince၊ ဟေတီနိုင်ငံ

Solidarite Fanm Ayisyen (SOFA) သည် ဟေတီနိုင်ငံတစ်ဝှမ်းတွင် အကြမ်းဖက်မှုကို တွေ့ကြုံနေရသော အမျိုးသမီများ နှင့် မိန်းကလေးများအတွက် အရေးကြီးသော စိတ်ခံစားမှုပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး နှင့် လိုက်ပါဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုများကို ကူညီပံ့ပိုးပေးသည်။ ၂၀၂၁ ခုနှစ်၌ ယခင်သမ္မတ Jovenel Moïse လုပ်ကြံသတ်ဖြတ်ခံရခြင်း နှင့် ၂၀၂၁ ဩဂုတ်လတွင် အင်အား ၇.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်မှု၏အကျိုးဆက်ကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာသည့် ပြင်းထန်သော အကျိုးဆက်များက အမျိုးသမီးများ နှင့် မိန်းကလေးများအား ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ခံစားမှုပိုင်းဆိုင်ရာ တို့အပြင် ဂိုဏ်းများ၊ စစ်တပ် နှင့် ဥပဒေအတင်းအကျပ်ပြဌာန်းမှုတို့ကြောင့် ထိခိုက်ခံစားခဲ့ရသော လိင်အကြမ်းဖက်မှုများလည်းအများအပြား ခံစားခဲ့ရသည်။ SOFA သည် ဟေတီနိုင်ငံအနှှံရှိ အမျိုးသမီးများ နှင့် မိန်းကလေးများ၏လိုအပ်ချက်များကို မြှင့်တင်ပေးပြီး အများအပြား လိုအပ်သော စိတ်ဓာတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု နှင့် လိုက်ပါဆောင်ရွက်မှုတို့ကို ပံ့ပိုးပေးသည်။

UUSC သည် ဟေတီနိုင်ငံ၌ မရေရာသည့်ကာလတစ်ခုအတွင်း အမျိုးသမီးများ နှင့် မိန်းကလေးများဘက်မှ ရပ်တည်ကာကွယ်ပေးရာတွင် အရေးပါသည့်နေရာမှ သေချာဆောင်ရွက်ပေးသော အဖွဲ့အစည်းတစ်ခုနှင့် ပူးပေါင်းဆောင်ရွက်ရသည့်အတွက် ဂုဏ်ယူလျက်ရှိသည်။

ဓာတ်ပုံ ခရက်ဒစ်- Solidarite Fanm Ayisyen (SOFA)

ဗမာစာ