UUSC Condemns Trump Administration’s Attack on Humanitarian Aid

တရားမမျှတမှုကို စိန်ခေါ်၊ လူ့အခွင့်အရေး မြှင့်တင်ရေး

Unitarian Universalist Service Committee သည် အခြေခံလူတန်းစား ပူးပေါင်းဆောင်ရွက်မှုများဖြင့် လူ့အခွင့်အရေးကို မြှင့်တင်ပေးပါသည်။

← စတင်မှုများ

ARCA

ARCA သည် ရောမလူမျိုးများ၏ယဉ်ကျေးမှုကို ကာကွယ်ရန် နှင့် ထိန်းသိမ်းစောင့်ရှောက်ရန် ကူညီပေးသည်။

တည်နေရာ- Kremenchuk၊ ယူကရိန်း

၂၀၁၈ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး၊ ARCA ၏လုပ်ငန်းတာဝန်သည် ယူကရိန်းလူမှုအသိုင်းအဝိုင်းရှိ ရောမလူမျိုးစု၏ သဘောထားပုံရိပ်ပြောင်းလဲလာမှု နှင့် ပြန်လည်အဓိပ္ပာယ်ကောက်ယူခြင်းတို့ကို အားပေးအထောက်အကူပြုရန် ဖြစ်သည်။ ယူကရိန်းရှိ ရောမလူမျိုးမား၏ဦးဆောင်မှုဖြင့် ARCA သည် ယူကရိန်းရှိ ရောမယဉ်ကျေးမှုကို ကာကွယ်ရန် ကြိုးပမ်းနေပြီး ရောမလူငယ်လှုပ်ရှားမှု ဖွံ့ဖြိုးတိုးတက်ရေး၊ ရောမ သမိုင်း နှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ပံ့ပိုးရေးတို့အပြင် ယူကရိန်းရှိ ယဉ်ကျေးမှုများအကြား စကားပြောဟန် အရေးအသားများ ဖွံ့ဖြိုးတိုးတက်ရေး စသည်တို့တွင် ၎င်းတို့ လုံ့လစိုက်ထုတ်ကြိုးပမ်းလျက် ရှိသည်။ ယူကရိန်းသည် ရုရှား၏အပြည့်အဝကျူးကျော်မှုကို ခံရပြီးကတည်းက ARCA ၏ လုပ်ငန်းတာဝန်တွင် လျင်မြန်စွာ တုံ့ပြန်မှု နှင့် ၎င်းတို့၏ အသိပညာမြှင့်တင်ခြင်း နှင့် ထောက်ခံအားပေးမှုလုပ်ငန်းများ ထိန်းသိမ်းဆောင်ရွက်စဉ် လူသားချင်းစာနာထောက်ထားမှု အကူအညီများ စသည်တို့ ပါဝင်ရန် တိုးချဲ့ထားသည်။

UUSC၏ပံ့ပိုးမှုသည် ရောမလူငယ်များ၏ အားပေးမှု နှင့် ရောမယဉ်ကျေးမှုကို မြှင့်တင်ရုံတင်မကဘဲ၊ ရုရှား၏အပြည့်အဝကျူးကျော်လာသည့် အကျိုးသက်ရောက်မှုတို့ကို ရင်ဆိုင်ရန် လှုပ်ရှားမှုများကို ထောက်ခံသည့် နိုင်ငံရေးလှုပ်ရှားမှု စွမ်းရည်များကို ဖွံ့ဖြိုးတိုးတက်လာစေရန် ရောမလူငယ်များနှင့် ပူးပေါင်းလုပ်ဆောင်သည့် ARCA ကို ကူညီပေးသည်။

ဓာတ်ပုံ ခရက်ဒစ်- iStock

ဗမာစာ