UUSC responds to ICE raids and National Guard deployments with unwavering solidarity for communities under attack.

တရားမမျှတမှုကို စိန်ခေါ်၊ လူ့အခွင့်အရေး မြှင့်တင်ရေး

Unitarian Universalist Service Committee သည် အခြေခံလူတန်းစား ပူးပေါင်းဆောင်ရွက်မှုများဖြင့် လူ့အခွင့်အရေးကို မြှင့်တင်ပေးပါသည်။

← စတင်မှုများ

Asociación Pop No´j

ဂွာတီမာလာရှိ Maya တိုင်းရင်းသားများ နှင့် ယဉ်ကျေးမှုကို ပံ့ပိုးရန် လုပ်ဆောင်နေသော အခြေခံလူတန်းစားများ အဖွဲ့အစည်း။
A group of youth and adults standing in a circle

တည်နေရာ- ဂွာတီမာလာမြို့၊ ဂွာတီမာလာ

Asociación Pop No´j (APN) သည် Maya တိုင်းရင်းသားများ၏ လောကအမြင်၊ အထောက်အထား နှင့် အခွင့်အရေးများကို အခြေခံသော ပါဝင်ဆောင်ရွက်မှု လုပ်ငန်းစဉ်များ၊ လေ့ကျင့်ရေး နှင့် အဖွဲ့အစည်းတို့ကို လိုက်ပါထောက်ခံအားပေးရန် ဂွာတီမာလာတွင် လုပ်ဆောင်နေသည်။ အခြားဦးစားပေးမှုများအနက်၊ APN သည် ယခင်က အမေရိကန်နိုင်ငံမှ ပြည်နယ်ဒဏ်ခံထားရသော၊ ၎င်းတို့၏ဘဝပြန်လည်ထူထောင်ရေး၊ ၎င်းတို့၏အခွင့်အရေးများ ကာကွယ်ရေး နှင့် လူမှုအသိုင်းအဝိုင်းတွင် ပြန်လည်ဝင်ဆံ့ရေးတို့ကို ကြိုးပမ်းနေကြသည့် Maya ကလေးငယ်များနှင့် လုပ်ဆောင်သည်။ 

UUSC သည် ဘဝပြန်လည်ထူထောင်ရန် နှင့် လူမှု့အသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့ရန် လုပ်ဆောင်နေကြသည့် အမေရိကန်နိုင်ငံမှ ပြည်နှင်ဒဏ်ခံထားရသော Maya ကလေးငယ်များ နှင့် ဆယ်ကျော်သက်များကို ပံ့ပိုးရန် ဂွာတီမာလာရှိ Asociación Pop No´j နှင့် မိတ်ဖက်ဆောင်ရွက်လျက် ရှိသည်။ မကြာသေးမီက ပြည်နှင်ဒဏ်ခံထားရသူများသည် မချိမဆန့်ခံစားခဲ့ရသော စိတ်ဒဏ်ရာများသာမက၊ ၎င်းတို့ ရှာတွေ့ခဲ့ပြီးသော အကာအကွယ်နေရာများ နှင့် ဒေသခံလူမှုအဖွဲ့အစည်းများမှ ထပ်ခါတလဲလဲ အိုးအိမ်စွန့်ခွာထွက်ပြေးရမှုတို့ကို ရုန်းကန်လှုပ်ရှားနေရသည်။ 

APN သည် အိမ်ထောင်စု ၂၈ ခု၏ဥယျာဉ်များကို ပျိုးထောင်ထောက်ပံ့ပေးနိုင်ခဲ့ပြီး၊ UUSC ၏ပံပိုးမှုဖြင့် ၎င်းတို့သည် မိသားစုများပျိုးထောင်ထားသည့် ဥယျာဉ်ငယ်လေးများအတွက် အကြံဉာဏ်များကိုလည်း ပံ့ပိုးပေးနိုင်ခဲ့သည်။ လက်တွေ့လုပ်ဆောင်ချက်များအနေဖြင့် ဟင်းသီးဟင်းရွက်များ၊ ဆေးပင်များ၊ သစ်သီးပင်များ စိုက်ပျိုး၊ ရိတ်သိမ်းခြင်း နှင့် မှိုများ ပေါင်းစပ်ထုတ်လုပ်ခြင်းတို့ကို သရုပ်ပြ ဆောင်ရွက်ခဲ့သည်။ ဤသို့ဖြင့် မိသားစုများကိုယ်တိုင်စားသုံးလာနိုင်ပြီး၊ ၎င်းတို့ပြောသည့်အတိုင်း ဈေးတွင် တစ်စုံတစ်ရာ ဝယ်ရန် မလိုအပ်ဘဲ ၎င်းတို့အားထောက်ပံ့ရန် အော်ဂဲနစ် ဆေးဘက်ဝင်အပင်များ နှင့် ဟင်းသီးဟင်းရွက်များ အလုံအလောက် ရရှိလာနိုင်ခဲ့သည်။

မိသားစုများတွင် အော်ဂဲနစ်စိုက်ပျိုးခြင်း၊သဘာဝအရင်းအမြစ်များအား ပိုမိုအသုံးချတတ်ခြင်း နှင့် ၎င်းအရင်းအမြစ်များအား ထိန်းသိမ်းကူညီစောင့်ရှောက်ခြင်းဆိုင်ရာ အသိပညာများကို ရရှိလာပါသည်။

သက်ဝင်လှုပ်ရှားလျက်ရှိသော လူမှု့အသိုင်းအဝိုင်းများ၏ယဉ်ကျေးမှု နှင့် သမိုင်းမှတ်တမ်းတို့ကို ဆက်လက်ထိန်းသိမ်းရန်၊ buen vivir (ကောင်းမွန်စွာ နေထိုင်ခြင်း) တို့ကို ရရှိရန် ခုခံကာကွယ်သည့် ကိရိယာအဖြစ် မြေယာကို လုပ်ကိုင်သည်။ မိသားစုဝင်များအားလုံး ပါဝင်သောကြောင့်၊ ၎င်းသည် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး နှင့် ကောင်းမွန်သော မိသားစုဆက်ဆံရေးလုပ်ငန်းစဉ်တို့ကို ပံ့ပိုးပေးသည့် မိသားစုအနှောင်အဖွဲ့များ၏ ကျန်းမာကြံ့ခိုင်ရေး နှင့် အပြန်အလှန်အကျိုးပြုရာနေရာတစ်ခု ဖြစ်သည်။

သက်ဝင်လှုပ်ရှားလျက်ရှိသော လူမှု့အသိုင်းအဝိုင်းများ၏ယဉ်ကျေးမှု နှင့် သမိုင်းမှတ်တမ်းတို့ကို ဆက်လက်ထိန်းသိမ်းရန်၊ buen vivir (ကောင်းမွန်စွာ နေထိုင်ခြင်း) တို့ကို ရရှိရန် ခုခံကာကွယ်သည့် ကိရိယာအဖြစ် မြေယာကို လုပ်ကိုင်သည်။ မိသားစုဝင်များအားလုံး ပါဝင်သောကြောင့်၊ ၎င်းသည် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး နှင့် ကောင်းမွန်သော မိသားစုဆက်ဆံရေးလုပ်ငန်းစဉ်တို့ကို ပံ့ပိုးပေးသည့် မိသားစုအနှောင်အဖွဲ့များ၏ ကျန်းမာကြံ့ခိုင်ရေး နှင့် အပြန်အလှန်အကျိုးပြုရာနေရာတစ်ခု ဖြစ်သည်။ Pop No´j ဝန်ထမ်းများသည် Maya လူငယ်များ၏ ဆွေမျိုးများနှင့် ပြန်လည်ပေါင်းစည်းရေးကို ကူညီပေးခြင်း၊ ၎င်းတို့၏ကျန်းမာရေး နှင့် ကောင်းမွန်စွာနေထိုင်မှုတို့ကို ပုံမှန် အိမ်သို့ သွားရောက်လည်ပတ်ကာ ဂရုစိုက်ပေးခြင်းဖြင့် ပြန်လည်ပေါင်းစည်းသည့်လုပ်ငန်းစဉ်များတစ်လျှောက်လုံး၌ ၎င်းတို့ကို အဖော်ပြုပေးသည်။ Pop No´j သည် လူငယ်များအား စီးပွားရေးအခွင့်အလမ်းများ ရှာဖွေပေးခြင်း အပြင် အခွင့်အရေးများကို ကာကွယ်ရန် နှင့် မကြာသေးမီက ပြန်လည်ရရှိလာသော ဝန်ဆောင်မှုများကို အသုံးပြုခွင့်ရရန် ဒေသခံအစိုးရအား တိုက်တွန်းအားပေးခြင်းတို့ဖြင့်လည်း ကူညီပေးသည်။

Pop No´j သည် ဒေသတွင်း ရွှေ့ပြောင်းနေထိုင်သူများ၏ တရားမျှတမှုအတွက် ဆောင်ရွက်ပေးနေသော ကွန်ရက် အဖွဲ့အစည်းကြီးတစ်ခု၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ၎င်းတို့သည် ပျောက်ဆုံးနေသော ရွှေ့ပြောင်းနေထိုင်သူများ သို့မဟုတ် အကူးအပြောင်းတွင် လူ့အခွင့်အရေးများ ချိုးဖောက်ခံနေရသူများအတွက် မေးခွန်းထုတ်ရန် မက္ကဆီကိုရှိ UUSC မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် တရားမျှတမှု နှင့် ဒီမိုကရက်တစ် ဥပဒေစည်းမျဉ်းအတွက် ဖောင်ဒေးရှင်းဖြင့် လုပ်ဆောင်သည်။ UUSC နှင့် Pop No´j သည် အမေရိကအလယ်ပိုင်းရှိ U.S နိုင်ငံခြားရေးမူဝါဒ၏ စစ်ပုံစံသွင်းခြင်းကို ရှုံ့ချရန် နှင့် ဆက်လက်လုပ်ဆောင်နေသော ဒုက္ခသည်အကျပ်အတည်းအတွက် လူ့အခွင့်အရေးကို အခြေခံသည့် ဖြေရှင်းမှုများကို တောင်းဆိုရန် အတူတကွ ကြိမ်ဖန်များစွာ ဆက်သွယ်လုပ်ဆောင်သည်။

ဓာတ်ပုံ ခရက်ဒစ်- Asociación Pop No´j

ဗမာစာ