တရားမမျှတမှုကို စိန်ခေါ်၊ လူ့အခွင့်အရေး မြှင့်တင်ရေး

Unitarian Universalist Service Committee သည် အခြေခံလူတန်းစား ပူးပေါင်းဆောင်ရွက်မှုများဖြင့် လူ့အခွင့်အရေးကို မြှင့်တင်ပေးပါသည်။

← စတင်မှုများ

Burma Rohingya Organisation UK (မြန်မာ ရိုဟင်ဂျာ အဖွဲ့အစည်း UK) 

သုတေသန ငွေကြေးထောက်ပံ့မှုနှင့် အသိပညာရှင်များအား အရင်းအနှီးစီမံပေးခြင်းတို့မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းရှိ လူမျိုးတုန်းသတ်ဖြတ်မှုကို ရင်ဆိုင်ဖြေရှင်းပြီး ရိုဟင်ဂျာများအား ထောက်ပံ့ကူညီလျက် ရှိသည်။
Burma Rohingya Organisation UK 

တည်နေရာ- လန်ဒန်၊ အင်္ဂလန်နိုင်ငံ

Burma Rohingya Organisation UK (BROUK) သည် ရိုဟင်ဂျာ ဒီမိုကရက်တစ် လှုပ်ရှားမှုများနှင့်အတူ စည်းလုံးညီညွတ်မှုကို အားပေးကူညီရန် ဆောင်ရွက်လျက်ရှိသည်။ ဤအရာကို ပြီးမြောက်အောင်မြင်စေရန် BROUK သည် အလွန်အရေးပါသော လူ့အခွင့်အရေးသုတေသနကို ပံ့ပိုးကူညီပေးသည်။ ၎င်းအဖွဲ့သည် ကျောင်းသားများအား လစဉ်ထောက်ပံ့ကြေးများ၊ သင်ထောက်ကူပစ္စည်းများအပြင် အဆင့်မြင့်ပညာရေးသို့ တက်လှမ်းနိုင်သော အခြားအကူအညီများကို ပံ့ပိုးပေးခြင်းဖြင့် ဤအရာကို လုပ်ဆောင်ပေးသည်။

BROUK သည် UUSC မှ ခွင့်ပြုချက်ဖြင့် ၎င်း၏အဖွဲ့အစည်းပိုင်းဆိုင်ရာ စွမ်းရည်ကို အားကောင်းစေရန် ဆောင်ရွက်လျက်ရှိသည်။ တိုးမြှင့်ဖွဲ့စည်းထားသော တည်ဆောက်ပုံအရ ၎င်းတို့အား နိုင်ငံတကာ တရားမျှတမှု ယန္တရားမှတစ်ဆင့် ရိုဟင်ဂျာ နိုင်ငံသား ပံ့ပိုးကူညီမှုနှင့် လူမျိုးတုန်းသတ်ဖြတ်မှုအား တာဝန်ခံမှုစသော အဓိက ကမ်ပိန်းများကို ပိုမိုထောက်ပံ့လာစေရန် ခွင့်ပြုပေးသည်။

လူတိုင်းသည် လူမျိုးတုန်းသတ်ဖြတ်မှု၏ခြိမ်းခြောက်ခံရခြင်းမှ လွတ်လပ်စွာ နေထိုင်ခွင့်ကို ရှိသင့်သည်။ UUSC သည် မြန်မာနိုင်ငံတွင်း ဤအရာကို လက်တွေ့ဆောင်ရွက်ရာတွင် BROUK ၏ ကြိုးပမ်းမှုများအား ပံ့ပိုးကူညီရန် ဝမ်းမြောက်ဝမ်းသာ ရှိပါသည်။

ဓာတ်ပုံ ခရက်ဒစ်- Burma Rohingya Organisation UK (မြန်မာ ရိုဟင်ဂျာ အဖွဲ့အစည်း UK)

ဗမာစာ