တရားမမျှတမှုကို စိန်ခေါ်၊ လူ့အခွင့်အရေး မြှင့်တင်ရေး

Unitarian Universalist Service Committee သည် အခြေခံလူတန်းစား ပူးပေါင်းဆောင်ရွက်မှုများဖြင့် လူ့အခွင့်အရေးကို မြှင့်တင်ပေးပါသည်။

← စတင်မှုများ

Carrizo/Comecrudo Tribe of South Texas

တက္ကဆက်မြောက်ပိုင်း Rio Grande မြစ်ဝကျွန်းပေါ်ဒေသရှိ တိုင်းရင်းသားလူမျိုးစုများသည် အထွတ်အမြတ်ထားသောနေရာများကို ကာကွယ်ရန်၊ ပတ်ဝန်းကျင်ဆိုင်ရာ တရားမျှတမှုများကို ထောက်ပံအားပေးရန် နှင့် နယ်စပ်ဒေသ၏တပ်စခန်းချထားမှုများကို ခုခံရန်တို့အတွက် လုပ်ဆောင်လျက်ရှိသည်။
Carrizo/Comecrudo Tribe of South Texas

တည်နေရာ- Floresville၊ တက္ကဆက် 

တက္ကဆက်မြောက်ပိုင်း၏ Carrizo/Comecrudo Tribe of South Texas (Esto’k Gna) လူမျိုးစုများသည် နှစ်ပေါင်းများစွာ စစ်တပ်၏သုံးကြိမ်မြောက်ခြိမ်းခြောက်ခံရခြင်း၊ အထွတ်အမြတ်ထားရာနေရာများကို မလေးမစားပြုခြင်း နှင့် ပတ်ဝန်းကျင်မှ လူမျိုးခွဲခြားမှုတို့မှ ၎င်းတို့၏နယ်မြေများကို နှစ်ပေါင်းများစွာ ကာကွယ်ပေးလျက်ရှိသည်။ ၂၀၁၉ ခုနှစ်တွင် ၎င်းတို့သည် Trump အစိုးရကို တရားစွဲပြီး၊ ဒေသတွင်းရှိ သုသာန်တစ်ခု၏အလယ်ဗဟိုမှတစ်ဆင့် “နယ်စပ်တံတိုင်း”တစ်ခုကို လုပ်ဆောင်ရန် အစိုးရ၏ကြိုးပမ်းမှုကို ခုခံလျက်ရှိသည်။ မကြာသေးမီက ၎င်းတို့ဘိုးဘွားပိုင်မြေပေါ်တွင် လောင်စာဓာတ်ငွေ့ရည်(LNG) တင်ပို့သည့် စက်ရုံတစ်ခုကို တည်ဆောက်ရန် ပူးပေါင်းကြိုးပမ်းမှုကို ၎င်းတို့ ဆန့်ကျင်ခဲ့ပြီး အနိုင်ရရှိခဲ့သည်။ 

UUSC ၏မိတ်ဖက်အဖွဲ့အစည်းများသည် လူမျိုးစုအတွက် အထွေထွေအထောက်အပံ့များကို ကမ်းလှမ်းသည်။ ၎င်းတို့၏ထောက်ခံအားပေးမှုကို ဒေသပိုင်နယ်မြေများမှတစ်ဆင့် LNG ပိုက်လိုင်းသစ်များကို ဆန့်ကျင်ရာတွင် ဤအရာသည် LNG ပိုက်လိုင်းသစ်များ ၎င်းတို့ဒေသကို ဖြတ်သန်းခြင်းအား အတိုက်အခံပြုလုပ်စဉ် ၎င်းတို့အား မက္ကဆီကို နှင့် တက္ကဆက်နယ်စပ်ရှိ အတိုက်အခံစခန်းများ ဆက်လက်ရှိနေသည်။ ၂၀၂၀ ခုနှစ် မေလ COVID-19 အကျပ်အတည်းကာလလယ်အတွင်း လူမျိုးစုများသည် လူအခွင့်အရေးများအတွက် ၎င်း၏ Carrizo/Comecrudo အွန်လိုင်းခုံသမာဓိအဖွဲ့အဖြစ် လက်ခံဆောင်ရွက်ပေးခဲ့သည်။ မြေပြင်ရှိ ဒေသခံများ၏ ပကတိအနေအထားများအရ၊ နယ်ခြားစောင့်တပ်များ နှင့် တူဖော်ရေးစက်မှုလုပ်ငန်းများမှ ထိခိုက်ခံရသော Esto’k Gna ၏ ယခင်၊ ယခု နှင့် နောင်အနာဂတ်တွင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို သမာဓိခုံအဖွဲ့က စစ်ဆေးပေးသည်။ 

ကမ္ဘာတစ်ဝှမ်းမှ အဆိုပြုချက်များ၏ တစ်ရာခိုင်နှုန်းအရ၊ လူမျိုးစုများ အထွတ်အမြတ်ထားသော Brownsville ဒေသရှိ Garcia Pastureudk ကို ၂၀၂၂ ခုနှစ် ကမ္ဘာ့သမိုင်းဝင် အမွေအနှစ်များ စောင့်ကြည့်ရေးစာရင်းတွင် ထည့်ရန် ရွေးချယ်ထားသည်။ ဤဂုဏ်ပြုမှုသည် လူမျိုးစုဘိုးဘွားပိုင်မြေ၏ယဉ်ကျေးမှု နှင့် သမိုင်းတို့၏အရေးပါမှုကို အသိအမှတ်ပြုပြီး ၎င်းတို့ကို တူဖော်ခြင်းရောင်းချခြင်းများမှ ကာကွယ်ရန် အရေးတကြီးလိုအပ်နေသည်။ ပိုက်လိုင်းများနှင့် ရေနံတွင်းများ၏ ပျက်စီးဆုံးရှုံးမှု ရလဒ်များမှ ၎င်းတို့၏နယ်မြေကို ကာကွယ်ရန် ဥပဒေအရ အခွင့်အရေးရှိသောကြောင့် လူမျိုးစုများ၏တရားဝင် အသိအမှတ်ပြုမှုများအတွက် လိုအပ်ချက်ကို ၎င်းဂုဏ်ပြုမှုက မီးမောင်းထိုးပြနေသည်။

ဤအရာ နှင့် အခြားအကြံပြုတိုက်တွန်းချက်များမှတစ်ဆင့် ၂၀၂၁ ခုနှစ် မတ်လတွင် လူမျိုးစုသည် ၎င်းတို့ ဒေသခံနယ်မြေများ နှင့် အထွတ်အမြတ်ထားရာနေရာများအနီးအနားတွင် အန္တရာယ်ရှိ LNG စက်ရုံများ တည်ဆောက်ရန်အစီအစဉ်များကို အရေးနိမ့်စေခဲ့သည်။ 

ဓာတ်ပုံ ခရက်ဒစ်- Carrizo/Comecrudo Tribe of South Texas

ဗမာစာ