တရားမမျှတမှုကို စိန်ခေါ်၊ လူ့အခွင့်အရေး မြှင့်တင်ရေး

Unitarian Universalist Service Committee သည် အခြေခံလူတန်းစား ပူးပေါင်းဆောင်ရွက်မှုများဖြင့် လူ့အခွင့်အရေးကို မြှင့်တင်ပေးပါသည်။

← စတင်မှုများ

Conversations with Friends—Minnesota

လူသားအကျိုးဆောင်ရွက်သူ၊ စေတနာ့ဝန်ထမ်းများဖြင့် ၅၀၁(င)(၃) အရ ဖွဲ့စည်းထားသော အဖွဲ့အစည်း၏အဖွဲ့ဝင်များအားလုံးသည် မီနီဆိုးတာကောင်တီအကျဉ်းထောင် ၄ခုတွင် ICE မှ အကျဉ်းချထားသော လူများကို ပံ့ပိုးပေးသည်။

တည်နေရာ- Edina၊ မီနီဆိုးတားပြည်နယ်

Conversations with Friends (CWF) သည် လူဝင်မှုကြီးကြပ်ရေး နှင့် အကောက်ခွန်ဥပဒေ (ICE) အရ အကျဉ်းချခံထားရသော လူတစ်ဦးကို ၎င်းတို့မည်သို့ ပံ့ပိုးပေးနိုင်ကြောင်း ဆွေးနွေးရန် ခရစ်ယာန်ဘုန်းတော်ကြီး ၅ ပါးတို့ အတူတကွစုဝေးသည့် ၂၀၁၀ ခုနှစ်အစည်းအဝေးမှ ထွက်ပေါ်လာခဲ့သည်။ ခရစ်ယာန် ဘုန်းတော်ကြီးများထဲမှ တစ်ပါးဖြစ်သည့် John Guttermann သည် လူဝင်မှုကြီးကြပ်ရေးဌာနများကို တည်ထောင်ရန် Church World Service မှ ခွင့်ပြုချက်တစ်ခုကို နောက်ပိုင်းတွင် လက်ခံရရှိခဲ့သည်။ လူဝင်မှုကြီးကြပ်ရေး မူဝါဒများကို ပြောင်းလဲရန် ကနဦးအာရုံစိုက် ကြိုးပမ်းချက်များအပြီးတွင်၊ ၎င်း၏အာရုံသည် လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူများထံသို့ ပြောင်းသွားခဲ့သည်။ CWF သည် ၂၀၁၁ မတ်လ ၂၇ ရက်နေ့တွင် မီနီဆိုးတားပြည်နယ်၊ စိန့်ပေါလ်မြို့ရှိ Ramsey Adult Detention Center တွင် ပထမဆုံး စာသင်ခန်းသို့ လည်ပတ်မှုကို ပြုလုပ်ခဲ့သည်။ 

CWF ၏တွဲဖက်ဝန်ကြီးဌာနသည် ICE ဖြင့် အကျဉ်းကျခံရသောသူများ ကြုံတွေ့နေရသည့် စိတ်ဒဏ်ရာခံစားရခြင်း၊ စိတ်ဓာတ်ကျခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း၊ အထီးကျန်ခြင်း၊ အဖော်မဲ့ခြင်းတို့ကို တုံ့ပြန်ပေးရန် ဖြစ်သည်။ ထို့ပြင် အမေရိကန်နိုင်ငံ၏ တရားမမျှတသော၊ လူသားမဆန်သော၊ ယဉ်ကျေးမှုမရှိသော လူဝန်မှုကြီးကြပ်ရေးစနစ်၏ ထိန်းသိမ်းခြင်း နှင့် ပြည်နှင်ဒဏ်ပေးခြင်းဆိုင်ရာမူဝါဒသည် ဖမ်းဆီးခံရသူများ၊ ၎င်းတို့၏မိသားစုများ နှင့် မိတ်ဆွေများအတွက် စိတ်ခံစားမှုပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခရောက်မှုများကို ဖြစ်စေသည်။ ကူးစက်ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ၎င်းတို့သည် မီနီဆိုးတားပြည်နယ်ရှိ ICE ဖြင့် ဖမ်းဆီးခံရသူများကို နေရာထိုင်ခင်းပေးထားသည့် ကောင်တီအကျဉ်းထောင်လေးခုထဲမှ နှစ်ခုရှိလူများနှင့် Zoom မှတစ်ဆင့် တွေ့ဆုံလျက်ရှိသည်။ CWF မှကလောင်ရှင်များက အကျဉ်းထောင်လေးခုအားလုံးမှ လူများထံသို့ စာရေးကြသည်။ 

UUSC ၏မိတ်ဖက်အဖွဲ့အစည်းသည် ၎င်းတို့လုပ်ဆောင်နေဆဲ လုပ်ဆောင်ချက်တစ်ဖြစ်လဲ ၎င်းတို့ကြိုးပမ်းမှု၏ အဓိကတိုးချဲ့မှုအခြေအနေကို ပံ့ပိုးပေးသည်။ ၂၀၂၁ ခုနှစ်၌ CWF သည် Sherburne နှင့် Kandiyohi ကောင်တီ အကျဉ်းထောင်များတွင် ICE ကြောင့် အကျဉ်းကျခံနေရသောသူများအတွက် တစ်ကိုယ်ရည်သုံးပစ္စည်းများ၊ အစားအစာထောက်ပံ့မှုများ နှင့် ဖုန်းကတ်များအတွက် ငွေတို့ကို ပံ့ပိုးရန် ထောက်ပံ့ရေးအရာရှိမှတစ်ဆင့် ငွေကြေးကူညီမှုများကို တိုးချဲ့နေသည်။ ထိုနေရာသည် လတ်တလောတွင် CWF မလာရောက်နိုင်သည့်နေရာ ဖြစ်သော်လည်း ၎င်းတို့အကြား ကလောင်သူငယ်ချင်း ဆက်ဆံရေးရှိသည်။ CWF လာရောက်လေ့လာသူများ နှင့် ကလောင်ရှင်များ၏ ငြိမ်းချမ်းပြီး မေတ္တာတရားကြီးမားမှုမှတစ်ဆင့် အထောက်အပံ့၊ တွန်းအားပေးမှု၊ နားထောင်ပေးမှု၊ အခိုင်အမာရပ်တည်မှု နှင့် ထောက်ခံအားပေးမှုတို့ကြောင့် ၎င်းတို့သည် ခင်မင်ရင်းနှီးမှု၊ သဟာယစိတ်ဓာတ် နှင့် ခိုင်မာမှုတို့ကို ပေးနိုင်စွမ်းသည်။ ၎င်းတို့အဖွဲ့သည် စစ်မှန်သော စောင့်ရှောက်မှု ရှိကြောင်း၊ ၎င်းတို့သည် တစ်ဦးတစ်ယောက်တည်း မဟုတ်ကြောင်း၊ အစွန့်ပစ်ခံများ မဟုတ်ကြောင်း နှင့် အမေရိကန်နိုင်ငံ၏လူဝင်မှုကြီးကြပ်ရေးစနစ်သည် မမျှတမှု၊ လူသားမဆန်မှု နှင့် လက်ခံနိုင်စရာ မရှိမှုတို့ကို သဘောတူလက်ခံကြောင်း လူမှုအဖွဲ့အစည်းရှိလူများအား သိစေသည်။

ဓာတ်ပုံ ခရက်ဒစ်- Conversations with Friends ― Minnesota

ဗမာစာ