တရားမမျှတမှုကို စိန်ခေါ်၊ လူ့အခွင့်အရေး မြှင့်တင်ရေး

Unitarian Universalist Service Committee သည် အခြေခံလူတန်းစား ပူးပေါင်းဆောင်ရွက်မှုများဖြင့် လူ့အခွင့်အရေးကို မြှင့်တင်ပေးပါသည်။

← စတင်မှုများ

Detained Migrant Solidarity Committee

တက္ကဆက်အခြေစိုက် အကျိုးအမြတ်မယူသည့် ဘာသာပြန်ဝန်ဆောင်မှုများ နှင့် အဆက်အသွယ်များသည် ရွှေ့ပြောင်းနေထိုင်နိုင်မှု အခွင့်အရေးအတွက် လှုပ်ရှားနေကြသောသူများကိုယ်စား တရားဝင်တင်ပြပေးရန် ပံပိုးလျက်ရှိသည်။
Detained Migrant Solidarity Committee

တည်နေရာ- El Paso, တက္ကဆက်

Detained Migrant Solidarity Committee (DMSC) သည် လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ ထိန်းသိမ်းခံရသူများအား ၎င်းတို့၏အာမခံကြေးပေးရေးအပြင် မိသားစုများနှင့် ပြန်လည်ပေါင်းစည်းပေါင်းစည်းရေးတို့ကို ကူညီပေးသည်။ ၎င်းသည် ရွှေ့ပြောင်းနေထိုင်သူများ ၎င်းတို့တရားရုံးတွင် ရောက်ရှိနေစဉ်တွင်လည်း သတင်းအရင်းအမြစ်များကို ကူညီထောက်ပံ့ပေးသည်။

DMSC သည် ဥပဒေဝန်ဆောင်မှုကို မပံ့ပိုးပေးနိုင်သော်လည်း ဖမ်းဆီးခံရသူများ သို့မဟုတ် ၎င်းတို့၏မိသားစုများကို ဝန်ဆောင်မှု စီစဉ်ပေးသူများနှင့် ချိတ်ဆက်ပေးသည်။ ထို့ပြင်၊ ၎င်းတို့သည် ဖမ်းဆီးခံထားရသူများ နှင့် မိသားစုများကို ၎င်းတို့၏အခွင့်အရေးများအတွက် ပြန်လည်တွန်းလှန်တိုက်ခိုက်ရန် အင်အားများကို ပံ့ပိုးပေးသည်။ DMSC တွင် နိုင်ငံရေးခိုလှုံခွင့် ရရှိသူများအတွက် ၎င်းတို့ လျှောက်ထားမှုများကို ထောက်ပံ့ရန် တရားခွင်တွင် စာရွက်စာတမ်းများကို စုဆောင်းခြင်း၊ စီစဉ်ခြင်း နှင့် တင်ပြခြင်းတို့ကို ကူညီရန်အတွက် လေ့ကျင့်သင်ကြားပေးထားသော ဝန်ထမ်းအဖွဲ့တစ်ခုလည်း ရှိသည်။ DMSC ၏ ဝန်ဆောင်မှုမှာ အခမဲ့ဖြစ်သည်။ 

UUSC သည် လူ့အခွင့်အရေးအတွက် လှုပ်ရှားနေကြသည့် ရွှေ့ပြောင်းနေထိုင်သူများအတွက် တိုက်ရိုက်ဝန်ဆောင်မှုများကို ထောက်ပံ့ရန် ၎င်းတို့၏လုံ့လကို စိုက်ထုတ်ထားသည့် DMSC နှင့် မိတ်ဖက်ဆောင်ရွက်ရသည့်အတွက် ဂုဏ်ယူမိပါသည်။ အမျိုးသားများ၊ အမျိုးသမီးများ၊ ကလေးများအပြင် လူဝင်မှုကြီးကြပ်ရေး၏တရားစီရင်ရေးစနစ် နှင့် အမေရိကန်နိုင်ငံတွင် ဘဝသစ်တည်ဆောက်ရန် စောင့်ကြည့်နေကြသည့် မိသားစုများအတွက် ဤတွဲဖက်ဆောင်ရွက်မှုသည် မျက်မြင်ကိုယ်တွေ့ဖြစ်သည်။ 

ဓာတ်ပုံခရက်ဒစ်- Detained Migrant Solidarity Committee

ဗမာစာ