တရားမမျှတမှုကို စိန်ခေါ်၊ လူ့အခွင့်အရေး မြှင့်တင်ရေး

Unitarian Universalist Service Committee သည် အခြေခံလူတန်းစား ပူးပေါင်းဆောင်ရွက်မှုများဖြင့် လူ့အခွင့်အရေးကို မြှင့်တင်ပေးပါသည်။

← စတင်မှုများ

Kioa Island Community Organization

Kioa ပစိဖိတ်ဒေသရှိလူများအတွက် ကျား၊ မ တန်းတူဝါဒ၊ ရေ နှင့် အစားအစာလုံခြုံရေး နှင့် ရာသီဥတုဒဏ်ခံနိုင်မှုတို့ကို သေချာရန် လုပ်ဆောင်ခြင်း။
Kioa Island Community Organization

တည်နေရာ- Vanua Levu၊ ဖီဂျီနိုင်ငံ အနောက်ပိုင်း

Kioa ကျွန်းသည် ဖီဂျီ၏ အဓိကကျွန်းနှစ်ခုထဲမှ တစ်ခု ဖြစ်သည့် Vanua Levu မှ ကမ်းလွန်နေရာ ဖြစ်သည်။ Buca ပင်လယ်အော်တွင် တည်ရှိနေသော Kioa သည် ၁၁.၅ မိုင် ရှည်လျားပြီး အုပ်ဆိုင်းသော တောအုပ်များ၊ မီးတောင် ဆင်ခြေလျှောများ၊ မြေဩဇာကောင်းသော မြေဆီလွှာအပြင် တောတောင်များထူထပ်နေသည်။ Kioa ကျွန်းကို Fiji ရှိ မာတာကာလီ သို့မဟုတ် ဆာလီယာ ဟုခေါ်သော မျိုးနွယ်စုမှ ပိုင်ဆိုင်သည်။ Kioa ကို တူဗာလူရှိ Vaitupu လူမျိုး ၁၁၀ matai မှ ၁၉၄၆ ခုနှစ်တွင် ဝယ်ယူခဲ့သည်။ လက်ရှိတွင် Kioa ၏လူဦးရေသည် ၄၀၀ ထက်နည်းသည်။ Kioa Island Community Organization (KICO)ကို ဤကျွန်းရှိ လူများ ရင်ဆိုင်နေရသော အောက်ပါပြဿနာများ ဖြေရှင်းရန် ၂၀၁၅ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ၎င်းတို့မှာ- ရာသီဥတုပြောင်းလဲမှုကြောင့် နိုင်ငံတွင်း အိုးအိမ်စွန့်ခွာမှုများ၊ အစားအသောက် နှင့် သောက်သုံးရေ စိတ်ချရမှု မရှိခြင်း နှင့် စီးပွားရေးလုပ်ငန်းများတွင် အမျိုးသမီးများ တန်းတူအခွင့်အရေး ရရှိမှုတို့ဖြစ်သည်။ 

UUSC သည် ၁၉၄၆ ခုနှစ်တွင် ကျွန်းပေါ်၌ ၎င်းတို့ အခြေချကတည်းက Kioa လူများကို ပံ့ပိုးရန်အတွက် ပထမဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ UUSC မှ KICO သို့ အထောက်အပံ့သည် အဖွဲ့အစည်းအား ၎င်းတို့၏ဗျူဟာမြောက်အစီအစဉ်ကို နောက်ငါးနှစ်အကြာတွင် အကောင်အထည်ပေါ်လာစေရန် ကူညီပေးပါမည်။ ဤအစီအစဉ်သည် ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံနိုင်ရန် နှင့် ဒေသခံ ထုတ်လုပ်သူများမှတစ်ဆင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို လေ့လာလိုက်စားရန် စသည်တို့ကို အာရုံစိုက်သည်။ ၎င်းတို့၏အခြေခံသဘောတရားများအနက် Kioan များကို ရာသီဥတုဒဏ်ခံနိုင်မှု၊ အစုလိုက် လယ်စိုက်ပျိုးခြင်း၊ အုန်းပင်၊ ငရုတ်ကောင်းပင်၊ ပိန်းပင် နှင့် စန္ဒကူးပင်တို့ကို အပင်လိုက် ရွှေ့ပြောင်းစိုက်ပျိုးခြင်းတွင် ထိတွေ့မှု ရှိရန်အတွက် နောက်ဆုံးပေါ်စိုက်ပျိုးနည်းလမ်းများဖြင့် ကောင်းစွာပြင်ဆင်ပေးထားကြောင်း သေချာစေရန် သီးနှံသစ်တောရောနှောစိုက်ခင်း လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ပေးသည်။

KICO သည် Kioa တို့အား ရာသီဥတုဒဏ်ခံနိုင်စွမ်း ပိုမိုရှိလာရန်အတွက် ပြင်ဆင်ရန် နှင့် အကယ်၍ အခြေအနေပိုမိုဆိုးရွားလာပါက အစားအသောက် လုံလုံလောက်လောက် ရရှိမှုကို သေချာစေရန် ရည်ရွယ်သည်။ Vaitupu နှင့် တူဗာလူ မှလူများကို Kioa တွင် ပြန်လည်နေရာချထားရန် လှုပ်ရှားမှုတွင်၊ ၎င်းတို့၏ တူဗာလူအဖွဲ့ဝင်များကို ထောက်ပံ့ရန် ၎င်းတို့သည် အဆင်သင့်ဖြစ်နေသည်။ အကျဉ်းချုပ်အနေဖြင့်၊ ၎င်းတို့၏လုပ်ဆောင်ချက်သည် Kioans များကို ၎င်းတို့၏ကလေးများ နေထိုင်နိုင်ပြီး ဘိုးဘွားပိုင်နယ်မြေများအဖြစ် ထိန်းသိမ်းနိုင်သည့်အပြင် ကိုယ်ပိုင်အိမ်များကဲ့သို့ လုံခြုံစိတ်ချမှုကို ခံစားရနိုင်သည်အထိ ကူညီပေးနိုင်ကြောင်း ၎င်းတို့အနေဖြင့် မျှော်လင့်သည်။

ဓာတ်ပုံ ခရက်ဒစ်- Kioa Island Community Organization

ဗမာစာ