တရားမမျှတမှုကို စိန်ခေါ်၊ လူ့အခွင့်အရေး မြှင့်တင်ရေး

Unitarian Universalist Service Committee သည် အခြေခံလူတန်းစား ပူးပေါင်းဆောင်ရွက်မှုများဖြင့် လူ့အခွင့်အရေးကို မြှင့်တင်ပေးပါသည်။

← စတင်မှုများ

Louisiana Advocates for Immigrants in Detention (LA-AID)

လူဝီစီယားနားပြည်နယ်ရှိ ICE လူငယ်ထိန်းသိမ်းရေးစခန်းတွင် ရွှေ့ပြောင်းနေထိုင်သူဦးရေ လျင်မြန်စွာ တိုးမြင့်လာစေရန် ၂၀၁၉ ခုနှစ် ဆောင်းဦးကာလတွင် စတင်ခဲ့သော စေတနာ့ဝန်ထမ်းများဖြင့် ဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခု။
Louisiana Advocates for Immigrants in Detention

တည်နေရာ- Lafayette၊ လူဝီစီယားနားပြည်နယ်

၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ လူဝီစီယားနားပြည်နယ်တွင် ရွှေ့ပြောင်းနေထိုင်သူများ ထိန်းသိမ်းရေးစခန်းတစ်ခုမှ ၁၂ ထိ တိုးမြှင့်နိုင်ခဲ့ပြီး အများစုမှာ လူဦးရေသိပ်သည်းမှုများသည့်စင်တာများနှင့်ဝေးသော ကျေးလက်ဒေသများတွင် ရှိသည်။ လူဝီစီယားနားပြည်နယ်တွင် ယခု ထိန်းသိမ်ရေးစခန်း ရှစ်ခုရှိပြီး တစ်ခုမှာ လူဝီစီယားနားနယ်စပ်အနီး မစ္စစ္စပီပြည်နယ်တွင် တည်ရှိသည်။ 

UUSC ၏ပံ့ပိုးမှုဖြင့် ထိန်းသိမ်းခံထားရသော ရွှေ့ပြောင်းနေထိုင်သူများအတွက် Louisiana Advocates for Immigrants in Detention (LA-AID) သည် လူဝန်မှုကြီးကြပ်ရေး နှင့် အကောက်ခွန် ဥပဒေ (ICE) ကြောင့် ထိန်းသိမ်းခံရသောသူများ၏ လိုအပ်ချက်ကို ၎င်းတို့ကိုယ်တိုင်ဖြစ်စေ၊ အခြားဒေသခံအုပ်စုများကို ကူညီခြင်းဖြင့်ဖြစ်စေ တုံ့ပြန်ပေးနိုင်သော ခိုင်မာသည့် အကျိုးပြုစေတနာ့ဝန်ထမ်းအုပ်စုကို တည်ဆောက်ရန် ဆောင်ရွက်လျက်ရှိသည်။ စေတနာ့ဝန်ထမ်းများသည် ထိန်းသိမ်းခံရသူများထံသို့ စာရေးခြင်း၊ ဖုန်းခေါ်ဆိုမှုများ၊ ထပ်ဆောင်းစာပို့ခ၊ အစားအသောက်၊ တစ်ကိုယ်ရည်သန့်စင်မှုပစ္စည်းများ နှင့် ဆရာဝန်ညွှန်ကြားချက်မလိုသည့် ဆေးဝါးများအတွက် ပေးချေရန် အသုံးပြုသော ထောက်ပံ့ရေးအကောင့်များသို့ ငွေထည့်ခြင်း၊ သင့်လျော်သော ကုသမှု နှင့် ကျန်းမာရေးစောင့်ရှောက်မှုအတွက် ထောက်ပံ့အားပေးမှု တို့အပြင် ထိန်းသိမ်းခံရမှုမှ လွတ်မြောက်လာသူများအား တစ်ညတာနေစရာနေရာ စီစဉ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးသည်။

LA-AID သည် ၎င်းတို့၏အသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများ နှင့် ICE ၏ထိန်းသိမ်းခံရသည့် ရွှေ့ပြောင်းနေထိုင်သူများအကြား ချိတ်ဆက်မှုများကို အားပေးမြှင့်တင်ခြင်းဖြင့်၊ ၎င်းတို့သည် အထူးသဖြင့် အမေရိကန်နိုင်ငံ၏လူဝီစီယားနားပြည်နယ်ရှိ လူဝန်မှုကြီးကြပ်ထိန်းသိမ်းရေးစနစ်၏လူသားမဆန်မှု၊ တရားမမျှတမှုတို့အကြောင်း လူထုအားအသိပညာမြှင့်တင်လိမ့်မည်ဟု မျှော်လင့်သည်။ အားပေးတိုက်တွန်းမှု နှင့် ၎င်းတို့၏ကြိုးပမ်းမှုများမှတစ်ဆင့် ဖမ်းဆီးခံထားရသော ရွှေ့ပြောင်းနေထိုင်သူများကို ကူညီရန် ဤအဖွဲ့သည် စန စ်အတွင်းတွင် အပြောင်းအလဲကို ဖန်တီးမည် ဖြစ်ပြီး ထိုစနစ်သည် ထိုသူများ အကျဉ်းကျမှုမှ လွတ်မြောက်လာသောအခါ ပိုမိုလူသားဆန်ပြီး သောကကင်းဝေးသော လမ်ကြောင်းများ ပြုလုပ်ပေးရန် တည်ရှိနေမည်ဟု အဖွဲ့အနေဖြင့် မျှော်လင့်ထားသည်။

ဓာတ်ပုံ ခရက်ဒစ်- Louisiana Advocates for Immigrants in Detention (LA-AID)

ဗမာစာ