UUSC responds to ICE raids and National Guard deployments with unwavering solidarity for communities under attack.

တရားမမျှတမှုကို စိန်ခေါ်၊ လူ့အခွင့်အရေး မြှင့်တင်ရေး

Unitarian Universalist Service Committee သည် အခြေခံလူတန်းစား ပူးပေါင်းဆောင်ရွက်မှုများဖြင့် လူ့အခွင့်အရေးကို မြှင့်တင်ပေးပါသည်။

← စတင်မှုများ

Marsh Zhinok

အမျိုးသမီးများ နှင့် မိန်းကလေးများ၏လိုအပ်ချက်ကို ဖြည့်ဆည်းရန် ပေးအပ်မြှုပ်နှံထားသော ယူကရိန်းအဖွဲ့အစည်း။
Marsh Zhinok 

တည်နေရာ- ကိဗ်ယက်မြို့၊ ယူကရိန်းနိုင်ငံ

Marsh Zhinok သည် ယူကရိန်းရှိ အမျိုးသမီးများ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို အာရုံစိုက်၍ ယူကရိန်းအမျိုးသမီးများကို ပံ့ပိုးကူညီရန် အမျိုးသမီးစေတနာ့ဝန်ထမ်းများ နှင့် ပြည်သူ့အဖွဲ့အစည်း၏ကိုယ်စားလှယ်များ၊ တက်ကြွလှုပ်ရှားသူများနှင့် ပေါင်းစည်းထားသော တန်းတူအမျိုးသမီးဝါဒ ထောက်ခံသူအဖွဲ့ ဖြစ်သည်။ ယူကရိန်းသည် ရုရှား၏အပြည့်အဝကျူးကျော်မှုကို ခံရပြီးနောက် Marsh Zhinok သည် စစ်ကြောင့် အကျပ်အတည်းအခြေအနေများအတွင်း ၎င်းတို့ကိုယ်တိုင်ကျရောက်နေသော အမျိုးသမီးများကို ကူညီရန် လူသားချင်းစာနာထောက်ထားမှု စင်တာတစ်ခုကို စတင်ခဲ့သည်။ 

မသန်စွမ်းအမျိုးသမီးများ၊ အသက်အရွယ်ကြီးသူ အမျိုးသမီးများ နှင့် စစ်အတွင်း အားအနည်းဆုံး အခြားအမျိုးသမီးများ စသည့် အမျိုးသမီးများ နှင့် ကလေးများကို အထူးအာရုံစိုက်လျက်၊ Marsh Zhinok သည် ခိုလှုံရာနေရာ၊ ဆေးဝါးများ၊ ကလေးများအတွက် အစားအသောက်၊ သယ်ယူပို့ဆောင်ရေးအတွက် အထောက်အပံ့များ၊ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုများအပြင် ဥပဒေအကူအညီများကို ထောက်ပံ့ကူညီပေးသည်။ 

ယူကရိန်းရှိ ဒေသအမျိုးမျိုးတွင် စိတ်ကုထုံးဖြင့် ကုသပေးသူများ၊ အတိုင်ပင်ခံပုဂ္ဂိုလ်များ၊ နှင့် လူမှုရေးလုပ်သားများကဲ့သို့သော လူသားချင်းစာနာထောက်ထားသည့်လုပ်ငန်းတွင် ပါဝင်ကြသော စေတနာ့ဝန်ထမ်းများအား ကူညီထောက်ပံ့ရန် ဝန်ထမ်းများ၏စွမ်းရည်ကို UUSC ၏ရန်ပုံငွေက သေချာစွာ တည်ဆောက်ပေးနိုင်ပါသည်။ 

ဓာတ်ပုံ ခရက်ဒစ်- Marsh Zhinok 

ဗမာစာ