တရားမမျှတမှုကို စိန်ခေါ်၊ လူ့အခွင့်အရေး မြှင့်တင်ရေး

Unitarian Universalist Service Committee သည် အခြေခံလူတန်းစား ပူးပေါင်းဆောင်ရွက်မှုများဖြင့် လူ့အခွင့်အရေးကို မြှင့်တင်ပေးပါသည်။

← စတင်မှုများ

Pacific Climate Warriors

Pacific Climate Warriors (PCW) သည် ပစိဖိတ်ကျွန်းပေါင်း ၁၅ ခုကို ကိုယ်စားပြုထားသော အခြေခံလူတန်းစားများ နှင့် လူမှု့အဖွဲ့အစည်းကို အာရုံစိုက်ထားသည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဦးစီးဆောင်ရွက်သူများ၏ ကွန်ရက်တစ်ခု ဖြစ်သည်။ ၎င်းတို့သည် ပစိဖိတ်ဒေသရှိ နစ်နာသူများအဖြစ်မှ ရာသီဥတုမျှတမှုအတွက် တိုက်ပွဲဝင်နေကြသော ကာကွယ်စောင့်ရှောက်သူများအဖြစ်သို့ ဇာတ်ကြောင်းပြောင်းလဲရန် လုပ်ဆောင်နေကြသည်။
Pacific Climate Warriors

တည်နေရာ- ပစိဖိတ်ကျွန်းများ

The Pacific Climate Warriors (PCW) သည် ၎င်းတို့ကျွန်းပေါ်ရှိ အိမ်များ၊ ယဉ်ကျေးမှုများ၊ လေးစားမှု နှင့် နှိမ့်ချမှုတို့အတွက် ယုံကြည်မှု၊ မေတ္တာတရားတို့ကို အရင်းပြုထားသော အခြေခံလူတန်းစားစီစဉ်သူများဖြင့် ဖွဲ့စည်းထားသည့် ကွန်ရက်တစ်ခု ဖြစ်သည်။ လွန်ခဲ့သည့်လေးနှစ်တာအတွင်း PCW သည် ပစိဖိတ်ရှိ ရာသီဥတုမျှတမှုအတွက် တိုက်ပွဲဝင်ရန် လုပ်ဆောင်နေကြသည်။

PCW ၏အဓိကရည်ရွယ်ချက်သည် ပစိဖိတ်ကျွန်းများ၏စံတန်ဖိုး နှင့် လူများကို ရာသီဥတုလုပ်ငန်းဆိုင်ရာစင်တာတွင် နေရာချထားပေးရန် နှင့် ပစိဖိတ်ကျွန်း လူမှု့အဖွဲ့အစည်းများကို ရာသီဥတုပြောင်းလဲမှုနှင့်ပတ်သတ်သော စေ့စပ်ဆွေးနွေးပွဲများ၏ တစ်စိတ်တစ်ပိုင်းဖြစ်လာစေရန် ပလက်ဖောင်းတစ်ခုကို ပေါ်ပေါက်လာစေသည်။ ၎င်းတို့၏အလုပ်တွင် ဇာတ်ကြောင်းထုတ်ဖော်ပြောဆိုမှုများ၏ အရေးပါမှုကို ၎င်းတို့မှ အလေးထားသည့်အနေဖြင့် ၎င်းတို့၏ ၂၀၂၁ စီမံကိန်း “Kato Ni Mana” ကို “စွမ်းရည် အုပ်စု”အဖြစ်သို့ ဘာသာပြန်ဆိုခဲ့သည်။ Kato Ni Mana သည် PCW ၏ တောင်းဆိုချက်များကို မီးမောင်းထိုးပြရန် ပစိဖိတ်ကျွန်းများတစ်ဝိုက်တွင် အုပ်စုအမျိုးမျိုး၏ ဖြစ်ပျက်မှုများကို အသုံးပြုကာ ပါတီများ၏ ၂၆ ကြိမ်မြောက်အစည်းအဝေးတွင် ရေကုန်ရေခမ်း ကြိုးပမ်းခဲ့သည်။

United Nations Framework Convention on Climate Change (UNFCCC) ၏လုပ်ငန်းစဉ်များသည် အလွန်နှေးကွေးနိုင်ပါသည်။ လုပ်ငန်းစဉ်များ၏ရှုပ်ထွေးမှုများ၊ ဘာသာစကား နှင့် မူဝါဒများသည် ပစိဖိတ်လူမှု့အသင်းအဖွဲ့များအတွက် ပါဝင်နိုင်ရန် ခက်ခဲစေနိုင်ပါသည်။ ဇာတ်ကြောင်းထုတ်ဖော်ပြောဆိုခြင်း၊ ၎င်းတို့နိုင်ငံများအတွက် မည်သည်ကို အင်အားပြရမည်ဖြစ်ကြောင်း ပစိဖိတ်လူမှု့အသင်းအဖွဲ့များကို သေချာစေခြင်းတို့မှတစ်ဆင့် လုပ်ငန်းစဉ်ကို ရှင်းလင်းဆောင်ရွက်ရန် PCW မှ မျှော်လင့်ပါသည်။ PCW သည် နှစ်စဉ် ပါတီစုံ နိုင်ငံတကာအစည်းအဝေးပွဲများ(COP) တွင် ထုတ်ဖော်ပြောဆိုသည့် အဖြစ်အပျက်ဇာတ်ကြောင်းများ၏ကွဲပြားခြားနားမှုကို မြင်သာရန် မျှော်လင့်ပြီး ပါဝင်တက်ရောက်သည့် လောင်စာဆီစက်ရုံကြီများမှ ပုဂ္ဂိုလ်များ၏ဆန္ဒမဟုတ်ဘဲ၊ လူထုကို ဗဟိုပြုသည့် အသံများ နှင့် ရှုထောင့်များကို တွေ့မြင်လိုသည်။

PCW သည် ၎င်းတို့၏လူမှု့အသင်းအဖွဲ့များကို ဇာတ်ကြောင်းများ နှင့် ၎င်းတို့ထုတ်ဖော်ပြောဆိုချက်များသည် ပြင်းထန်ထိရောက်ကြောင်းတို့အား သိစေလိုပြီး ဤဆွေးနွေးမှုများ၏အလယ်တွင် ၎င်းတို့၏အသံများကို ပိုမိုမျှော်မှန်းနိုင်ရန် ၎င်းတို့အား လုပ်ပိုင်ခွင့်အာဏာပေးအပ်လိုသည်။ ဤစီမံကိန်းတွင် မျှဝေသော အသံများ နှင့် ဇာတ်ကြောင်းများမှတစ်ဆင့် ပစိဖိတ်ခေါင်းဆောင်များသည် အမှန်တရားကို စွမ်းအားတစ်ခုအဖြစ်သို့တိုင်အောင် ပြောဆိုနိုင်ကြောင်း ၎င်းအဖွဲ့မှ မြင်တွေ့လိုသည်။

ဓာတ်ပုံ- Pacific Climate Warriors

ဗမာစာ