တရားမမျှတမှုကို စိန်ခေါ်၊ လူ့အခွင့်အရေး မြှင့်တင်ရေး

Unitarian Universalist Service Committee သည် အခြေခံလူတန်းစား ပူးပေါင်းဆောင်ရွက်မှုများဖြင့် လူ့အခွင့်အရေးကို မြှင့်တင်ပေးပါသည်။

← စတင်မှုများ

Queer Detainee Empowerment Project

ဖမ်းဆီးခံထားရစဉ် LGBTQ+ ရွှေ့ပြောင်းနေထိုင်သူ လူမှု့အသင်းအဖွဲ့များ၏အခွင့်အရေးများကို ခုခံကာကွယ်ခြင်း နှင့် လိုအပ်ချက်များကို တုံ့ပြန်ပေးခြင်း။
The QDEP liberation march

တည်နေရာ- နယူးယော့ခ်၊ နယူးယော့ခ်

Queer Detainee Empowerment Project (QDEP) ဆိုသည်မှာ ခံဝန်ချုပ်အတွင်း ကူညီပံ့ပိုးမှု၊ ထိန်းသိမ်းရေးစင်တာသို့ လာရောက်လည်ပတ်မှု၊ တိုက်ရိုက်ဝန်ဆောင်မှု နှင့် လူမှု့အသင်းအဖွဲ့များမှ စီစဉ်ဆောင်ရွက်သော စီမံကိန်းတစ်ခု ဖြစ်သည်။ ၎င်းသည် လက်ရှိ၌ ထိန်းသိမ်းရေးစင်တာများရှိ အမျိုးသမီးချင်း စိတ်ဝင်စားသူ၊ အမျိုးသမီးချင်း စိတ်ဝင်စားသူ၊ လိင်တူ လိင်ကွဲ နှစ်မျိုးလုံး စိတ်ဝင်စားသူ၊ လိင်တူစိတ်ဝင်စားသူ၊ လိင်စိတ်နှစ်မျိုးရှိသူ၊ လိင်ပြောင်းလဲထားသူ၊ လိင်လက္ခဏာ ထင်ထင်ရှားရှားမသဲကွဲသူ၊ လိင်စိတ် မကွဲပြားသူ နှင့် HIV+ (LGBTQ*GNCTS) စသည့် ရွှေ့ပြောင်းနေထိုင်သည့် အကျဉ်းသားများ၊ စင်တာမှ မကြာမီလွတ်မြောက်လာသူတို့နှင့် ၎င်း၏မိသားစုများအပြင် သုံးနိုင်ငံဒေသရှိ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ ထိန်းသိမ်းရေးသို့ အရဲစွန့်ဝင်ရောက်လာကြသောသူများနှင့် ဆောင်ရွက်လျက်ရှိသည်။ 

လွန်မြောက်လာစဉ် နေထိုင်စရာ တည်ဆောက်ပေးခြင်း၊ ပြည့်စုံ၍ အကျိုးရှိသောဘဝကို တည်ဆောက်ရာတွင် အတားအဆီးဖြစ်စေမည့် အဟန့်အတားများကို ပယ်ဖျက်ပေးခြင်းတို့အပြင် ပြည်နှင်ဒဏ်ခံရခြင်း၊ ထိန်းသိမ်းခံရခြင်း နှင့် ဖမ်းဆီးခံရခြင်းတို့မှ လွတ်မြောက်ရန် တောင်းဆိုခြင်းဖြင့် လိင်တူမိသားစုများကို ဆက်လက်ထိခိုက်မှုမရှိစေခြင်းစသည်တို့မှ ရွှေ့ပြောင်းနေထိုင်သူများကို ကူညီပေးရန် QDEP သည် ကတိကဝတ်ပြုခဲ့သည်။ 

ထိန်းသိမ်းရေးစင်တာများမှ ရွှေ့ပြောင်းနေထိုင်သူများအားလုံး လွတ်မြောက်လာရေး၊ လူဝင်မှုကြီးကြပ်ရေး နှင့် အကောက်ခွန်ဥပဒပြဌာန်းမှု (ICE) ၊ အကျဉ်းထောင်စနစ် နှင့် အကျဉ်းထောင်၏သတ်မှတ်ချက်အလုံးစုံကို ဖျက်သိမ်းရန် နယူးယော့ခ်/နယူးဂျာစီ AbolishICE ညွန့်ပေါင်းအဖွဲ့အတွင်း #FreeThemAll ကမ်ပိန်းကို QDEP မှ ဦးဆောင်ပါဝင်ဆောင်ရွက်လျက်ရှိသည်။ ပါဝင်ဆောင်ရွက်သူများသည် လှုံ့ဆော်စည်းရုံးမှုများ၊ ကမ်ပိန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ စသည်တို့တွင် ဦးဆောင်နိုင်သည့် စွမ်းရည်များကို ရရှိခဲ့ကြသည်။ ဘွဲ့ရပြီးသောပါဝင်ဆောင်ရွက်သူများသည် လက်ရှိ၌ QDEP ၏လူမှု့အသင်းအဖွဲ့မှု စီစဉ်ဆောင်ရွက်လျက်ရှိသော အစီအစဉ်တွင် တက်ကြွစွာ ထိတွေ့ဆောင်ရွက်လျက်ရှိပြီး အဖွဲ့အစည်းအတွက် ဆုံးဖြတ်ချက်များချမှတ်ခြင်းအပြင် ၎င်းတို့ကမ်ပိန်း၏အလုပ်များကို ဦးဆောင်လျက်ရှိသည်။ ပါဝင်ဆောင်ရွက်သူများသည် ၎င်းတို့တာဝန်ယူရသည့် အခန်းကဏ္ဍအမျိုးမျိုးတွင် ကမ်ပိန်းများ နှင့် တိုက်ရိုက် လှုပ်ရှားမှုများစွာကို ဦးဆောင်ကာ ဆောင်ရွက်ခဲ့ကြသည်။

QDEP နှင့် UUSC သည် ၂၀၁၇ ခုနှစ်ကတည်းက မိတ်ဖက်ဆောင်ရွက်ခဲ့ကြသည်။ UUSC ၏ထောက်ခံအားပေးမှုသည် ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ တရားမျှတမှုအတွက် လှုပ်ရှားမှုတွင် အရေးကြီးအခရာတစ်ခု ဖြစ်ရန် ၎င်းတို့အား ဆက်လက်ကူညီပေးသည်။ ထို့နောက် ထိန်းသိမ်းခံရစဉ် လိင်ပြောင်းလဲထားသူများ နှင့် လိင်လက္ခဏာ ထင်ထင်ရှားရှားမသဲကွဲသူများအပေါ် ဆက်ဆံမှုအကြောင်းတို့အပြင် ရွှေ့ပြောင်းနေထိုင်သူများ၏အခွင့်အရေးလှုပ်ရှားမှုကို “မိသားစု” အဖြစ် သတ်မှတ်သည့် နည်းလမ်းများ ကျယ်ပြန့်စွာ ပြောဆိုလာစေရန် အဓိကကျသော ဖွင့်ဟထုတ်ဖော်မှုကို ဆောင်ကျဉ်းပေးသည်။

ဓာတ်ပုံ ခရက်ဒစ်- UUSC

ဗမာစာ