We are in solidarity with the UUA and a multifaith coalition as they sue the Trump administration to stop ICE arrests at houses of worship, defending immigrant rights and religious freedom.

တရားမမျှတမှုကို စိန်ခေါ်၊ လူ့အခွင့်အရေး မြှင့်တင်ရေး

Unitarian Universalist Service Committee သည် အခြေခံလူတန်းစား ပူးပေါင်းဆောင်ရွက်မှုများဖြင့် လူ့အခွင့်အရေးကို မြှင့်တင်ပေးပါသည်။

← စတင်မှုများ

RegenerAction

လူ့အခွင့်အရေး လှုပ်ရှားမှုကြောင့် စိတ်နှင့်ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းဆင်းရဲမှုများကို ရင်ဆိုင်ဖြေရှင်းရန် RegenerAction သည် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုများကို ထောက်ပံ့ပေးသည်။
poland flag

တည်နေရာ- ဝါဆောမြို့၊ ပိုလန်နိုင်ငံ

တက်ကြွလှုပ်ရှားသူများ၏စိတ်ပင်ပန်းဆင်းရဲမှုများကို ဖြေရှင်းပေးရန် အာရုံစိုက်ထားသော ပိုလန်နိုင်ငံ၏ပထမဆုံး အဖွဲ့အစည်းဖြစ်သည့် RegenerAction သည် ကမ်ပိန်းစီစဉ်သူများ၊ အုပ်စုများ နှင့် အဖွဲ့အစည်းများအတွက် အလုပ်ရုံဆွေးနွေးပွဲများ၊ ညှိနှိုင်းဆွေးနွေးမှုများ၊ အုပ်စုများအား ကူညီမှုနှင့် အုပ်စုလိုက် လေ့ကျင့်မှုများအပြင် အကျပ်အတည်းများအကြား ကြားဝင်ဖျန်ဖြေခြင်းတို့ကို စီမံဆောင်ရွက်ပေးသည်။ ၎င်းအဖွဲ့သည် ပိုလန်နိုင်ငံရှိ လူ့အခွင့်အရေးလှုပ်ရှားမှု၌ အသစ်ပြန်လည်ဖြစ်ပေါ်မှုလမ်းကြောင်းများ နှင့် စိတ်ပင်ပန်းဆင်းရဲမှုပြဿနာများကို သုတေသနပြုရန်၊ စိတ်ပင်ပန်းဆင်းရဲမှုဆန့်ကျင်ရေး ဖြစ်မြောက်အောင် ဆောင်ရွက်သူများ၏ လေ့ကျင့်ရေးကို ပံ့ပိုးပေးရန်တို့အပြင် တိုးတက်လာသည့် လူမှု့အသင်းအဖွဲ့လှုပ်ရှားမှုများတွင် ကိုယ့်ကိုယ်ကို စောင့်ရှောက်မှု နှင့် အချင်းချင်းကူညီဖေးမမှုများကို ထုတ်ဖော်ပြောဆိုရာ၌ တက်ကြွလှုပ်ရှားသူ လူမှု့အသင်းအဖွဲ့များနှင့် ထိတွေ့ဆောင်ရွက်ရန်တို့ကိုလည်း ဆောင်ရွက်ပေးသည်။ 

အထူးသဖြင့် RegenerAction သည်- 

  • ကမ်ပိန်းစီစဉ်သူများ၊ အုပ်စုများ၊ အဖွဲ့အစည်းများအတွက် အခြေခံကူညီစောင့်ရှောက်မှုများ၊ တိုးတက်လာသော ပြည်သူ နှင့်/သို့မဟုတ် အသင်းအဖွဲ့လှုပ်ရှားမှုများဖြစ်သည့် အလုပ်ရုံဆွေးနွေးပွဲများ၊ ညှိနှိုင်းဆွေးနွေးမှုများ၊ အုပ်စုများအား ကူညီမှုနှင့် အုပ်စုလိုက် လေ့ကျင့်မှုများအပြင် အကျပ်အတည်းများအကြား ကြားဝင်ဖျန်ဖြေခြင်း တို့ကို စီစဉ်ဆောင်ရွက်ပေးခြင်း၊ 
  • ပိုလန်နိုင်ငံရှိ လူ့အခွင့်အရေးလှုပ်ရှားမှု၌ အသစ်ပြန်လည်ဖြစ်ပေါ်မှု လမ်းကြောင်း နှင့် စိတ်ပင်ပန်းဆင်းရဲမှု ပြဿနာများကို သုတေသနပြုလုပ်ပေးခြင်း တို့အပြင်
  • လှုပ်ရှားမှုများတွင် ကိုယ့်ကိုယ်ကို စောင့်ရှောက်မှု နှင့် အချင်းချင်း ကူညီဖေးမမှုများကို ထုတ်ဖော်ပြောဆိုရာ၌ တက်ကြွလှုပ်ရှားသူ လူမှု့အသင်းအဖွဲ့များနှင့် ချိတ်ဆက်ကာ အစီရင်ခံစာများ ထုတ်ဝေပေးခြင်း တို့ကို လုပ်ဆောင်ပေးသည်။ 

RegenerAction’s work helps replenish the energy of Polish human rights activists to continue doing the vital work of advocacy and activism. The care they provide these activists goes a long way in maintaining an active and vibrant human rights movement in Eastern Europe. 

ဓာတ်ပုံ ခရက်ဒစ်- iStock

ဗမာစာ