Unitarian Universalist Service Committee သည် အခြေခံလူတန်းစား ပူးပေါင်းဆောင်ရွက်မှုများဖြင့် လူ့အခွင့်အရေးကို မြှင့်တင်ပေးပါသည်။
Shan State Refugee Committee (ရှမ်းပြည်နယ်တွင်း ဒုက္ခသည်များဆိုင်ရာ ကော်မတီ)

တည်နေရာ- ချင်းမိုင်၊ ထိုင်းနိုင်ငံ
The Shan State Refugee Committee (ရှမ်းပြည်နယ်တွင်း ဒုက္ခသည်များဆိုင်ရာ ကော်မတီ) သည် လူမှု့အသိုင်းအဝိုင်းအခြေပြု အဖွဲ့အစည်း ဖြစ်သည်။ ၎င်းကို ပြည်တွင်းနေရပ်စွန့်ခွာသူများ (IDP) စခန်း ငါးခု၊ ဒုက္ခသည်စခန်းတစ်ခု၊ ဒုက္ခသည်/ရွှေ့ပြောင်းနေထိုင်သူများ စခန်းတစ်ခုအပြင် ရှမ်းမြို့ပြလူမှု့အဖွဲ့အစည်းများစွာဖြင့် ဖွဲ့စည်းထားသည်။ ၂၀၁၇ ခုနှစ်ကတည်းက တည်ထောင်ခဲ့သော SSRC သည် ရှမ်းပြည်-ထိုင်း နယ်စပ်ရှိ ပြည်သူ ၁၁,၀၀၀ ကျော်ကို အဓိက စားနပ်ရိက္ခာပံ့ပိုးကူညီပေးသူ ဖြစ်သည်။ ၎င်းတို့၏ရည်မှန်းချက်မှာ စစ်အာဏာရှင်ကြောင့် လက်ရှိဖြစ်ပျက်နေသော အခက်အခဲများကို လူသားချင်းစာနာထောက်ထားမှု အကူအညီများ ချိတ်ဆက်ဆောင်ရွက်ပေးရန် ဖြစ်သည်။
မြန်မာနိုင်ငံရှိ စစ်အာဏာသိမ်းမှုသည် တည်ထောင်ထားသော လူမှု့အသိုင်းအဝိုင်းကွန်ရက်များစွာကို အနှောင့်အယှက်ပေးခဲ့သည်။ စားနပ်ရိက္ခာ နှင့် ခိုလှုံရာနေရာတို့ကို ရှာဖွေရန်အတွက် ရွှေ့ပြောင်းရန်လိုအပ်သော ပြည်သူပေါင်းများစွာသည် မြန်မာပြည် ဒီမိုကရေစီရရှိရေးအတွက် စိန်ခေါ်မှုတစ်ရပ်ကို ဖြစ်စေသည်။ IDP စခန်းခေါင်းဆောင်အတွက် အခြေခံလိုအပ်ချက်များနှင့် ကျွမ်းကျင်မှု တည်ဆောက်ရေး အခွင့်အလမ်းများ ပံ့ပိုးပေးခြင်းဖြင့်၊ ရှမ်းပြည်နယ်အတွင်း ကွန်ရက်များ အားကောင်းလာစေရန် SSRC က မျှော်လင့်နေသည်။ လက်ခံရရှိထားသော SSRC ၏ရန်ပုံငွေထောက်ပံ့မှုများသည် IDP များ၏စားနပ်ရိက္ခာ နှင့် ခိုလှုံရာနေရာ လိုအပ်ချက်များကို ဆက်လက်ဖြည့်ဆည်းပေးနိုင်သည်။ ၎င်းသည် IDP စခန်းခေါင်းဆောင်များအတွက် အရေးပေါ်တုံ့ပြန်မှု စွမ်းရည်ကို တိုးမြှင့်ရန်လည်း ဆောင်ရွက်ပေးပါသည်။
မြန်မာနိုင်ငံ၏စစ်အာဏာရှင်လက်အောက်ကျရောက်နေသူများကို လိုအပ်သော ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ပံ့ပိုးပေးရန် UUSC သည် SSRC နှင့်အတူ ဂုဏ်ယူစွာဖြင့် မိတ်ဖက်ဆောင်ရွက်လျက်ရှိသည်။
ဓာတ်ပုံ ခရက်ဒစ်- Shan State Refugee Committee (ရှမ်းပြည်နယ်တွင်း ဒုက္ခသည်များဆိုင်ရာ ကော်မတီ)