UUSC responds to ICE raids and National Guard deployments with unwavering solidarity for communities under attack.

တရားမမျှတမှုကို စိန်ခေါ်၊ လူ့အခွင့်အရေး မြှင့်တင်ရေး

Unitarian Universalist Service Committee သည် အခြေခံလူတန်းစား ပူးပေါင်းဆောင်ရွက်မှုများဖြင့် လူ့အခွင့်အရေးကို မြှင့်တင်ပေးပါသည်။

← စတင်မှုများ

Foundation Towards Dialogue

ပိုလန် နှင့် ယူကရိန်းနိုင်ငံတို့ရှိ ရောမလူမှု့အသင်းအဖွဲ့ဝင်များအတွက် ကျယ်ပြန့်သောအကူအညီများကို ပံ့ပိုးပေးခြင်း။
Towards Dialogue

တည်နေရာ- Kraków, ပိုလန်နိုင်ငံ

Foundation Towards Dialogue ကို ၂၀၁၂ ခုနှစ်၌ ပညာရပ်သင်ကြားမှု နှင့် အကျိုးအမြတ်မယူသည့် ကဏ္ဍတို့တွင် ရောမလူမှု့အသင်းအဖွဲ့များနှင့် ဆောင်ရွက်လျက်ရှိသော အတွေ့အကြုံများစွာရှိသည့် အမျိုးသမီးနှစ်ဦးမှ တည်ထောင်ခဲ့သည်။

လက်ရှိတွင် ယူကရိန်းမှ ရောမဒုက္ခသည်များအတွက် ရေရှည် စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ ဥပဒေပိုင်းဆိုင်ရာ၊ ပညာရေးပိုင်းဆိုင်ရာ နှင့် အလုပ်အကိုင်ပိုင်းဆိုင်ရာ အကူအညီများအပြင် အလယ်အလတ်တန်းစားအကူအညီများကိုပါ အလုံးစုံကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ၎င်းတို့တွင် အဓိကအားဖြင့် အမျိုးသမီး နှင့် ကလေးငယ် ယူကရိန်း ရောမ ဒုက္ခသည်များကို စိတ်ဓာတ်ပိုင်းဆိုင်ရာ အကူအညီ၊ ဥပဒေပိုင်းဆိုင်ရာအကူအညီ၊ စောင့်ကြည့်ရေး နှင့် ပညာရေး စသည်တို့ကို ပံ့ပိုးပေးသော ရောမ-ပိုလန်-ယူကရိန်း နေ့ခင်းပိုင်းစောင့်ရှောက်ရေးစင်တာတစ်ခု ပါဝင်သည်။ ရုရှားမှ ယူကရိန်းသို့ အပြည့်အဝကျူးကျော်မှု၊ စစ်၏အကျိုးဆက် နှင့် နေအိမ်စွန့်ခွာထွက်ပြေးခဲ့ရမှုတို့အပြင် ပိုလန်သို့ရောက်ရှိပြီးနောက် ကြုံတွေ့ခဲ့ရသော ခွဲခြားဆက်ဆံခံရခြင်း နှင့် ရန်ပြုခံရမှုများကြောင့် စိတ်ဒဏ်ရာခံစားခဲ့ကြရမှ ပြန်လည်ကောင်းမွန်လာစဉ်အတောအတွင်း ဘေးကင်းသော နေရာတစ်ခုအဖြစ် ထိုစင်တာက ပေးစွမ်းနိုင်သည်။ 

Foundation Towards Dialogue သည် အချင်းချင်းရင်းနှီးလာစေရန်၊ နားလည်မှုရှိစေရန်၊ အခြားသူများထံမှ သင်ယူနိုင်ရန် နှင့် ဆင်းရဲချို့တဲ့သူများနှင့် အုပ်စုများကို အကြမ်းဖက်မှု ပုံစံတစ်ခုခုမှ ကင်းဝေးရှောင်ရှားနိုင်ရန် ကူညီပေးသည်။ ပညာရေးမှတစ်ဆင့် ပြောင်းလဲမှုသည် အစပြုနိုင်ကြောင်း အဖွဲ့အစည်းက ယုံကြည်ပါသည်။

ဓာတ်ပုံ ခရက်ဒစ်- Foundation Towards Dialogue

ဗမာစာ