UUSC responds to ICE raids and National Guard deployments with unwavering solidarity for communities under attack.

တရားမမျှတမှုကို စိန်ခေါ်၊ လူ့အခွင့်အရေး မြှင့်တင်ရေး

Unitarian Universalist Service Committee သည် အခြေခံလူတန်းစား ပူးပေါင်းဆောင်ရွက်မှုများဖြင့် လူ့အခွင့်အရေးကို မြှင့်တင်ပေးပါသည်။

← စတင်မှုများ

Tuvalu Climate Action Network

ကျွန်ုပ်တို့အားလုံးသည် ကျန်းမာသော ကမ္ဘာကြီးတစ်ခုကို အနာဂတ်မျိုးဆက်များအား လက်ဆင့်ကမ်းအမွေပေးရန်အတွက် ရာသီဥတုပြောင်းလဲမှုအကျိုးဆက်များကို ဖြေရှင်းရန် Tuvalu Climate Action Network (TuCAN) က ဆောင်ရွက်လျက်ရှိသည်။
Tuvalu Climate Action Network

တည်နေရာ- ဖူနာဖူတီ၊ တူဗာလူနိုင်ငံ

ပစိဖိတ်ရှိ တူဗာလူကျွန်းနိုင်ငံလေးတွင် အခြေစိုက်ထားသော Tuvalu Climate Action Network (TuCAN) သည် ပူနွေးလာမှုကို လျှော့ချရန်၊ ရာသီဥတုပြောင်းလဲမှုကို အသားကျရန် နှင့် သန့်ရှင်းသောစွမ်းအင်ကို အကောင်အထည်ဖော်ရန် ကမ္ဘာလုံးဆိုင်ရာကတိကဝတ်တစ်ခုအတွက် လိုအပ်ချက်များကို လျင်မြန်ထိရောက်စွာ တုံ့ပြန်ပေးသည်။

UUSC နှင့်ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် TuCAN သည် ရာသီဥတုကြောင့် နေအိမ်စွန့်ခွာခဲ့ရခြင်း၏အကျိုးဆက်ကို ဖြေရှင်းရန် နှင့် နားလည်သဘောပေါက်ရန် အစိုးရအရာရှိများ၊ အစုရှယ်ယာဝင်ကုမ္ပဏီများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ လူမှု့အသင်းအဖွဲ့များနှင့်လည်း ထိတွေ့ဆောင်ရွက်လျက် ရှိသည်။ ၎င်းတို့၏ရည်ရွယ်ချက်မှာ တူဗာလူ လူမှု့အသင်းအဖွဲ့များ၊ အထူးသဖြင့် ရာသီဥတုအကျပ်အတည်းများကြောင့် နေအိမ်စွန့်ခွာခဲ့ရသော သူအများစုတို့ကို ကူညီထောက်ပံ့ရန် လက်တွေ့ကျသည့် မူဝါဒရေးရာ အကြံပြုထောက်ခံချက်များကို ရွေးချယ်ဖော်ထုတ်ရန် ဖြစ်သည်။

ဓာတ်ပုံ ခရက်ဒစ်- Tuvalu Climate Action Network

ဗမာစာ