တရားမမျှတမှုကို စိန်ခေါ်၊ လူ့အခွင့်အရေး မြှင့်တင်ရေး

Unitarian Universalist Service Committee သည် အခြေခံလူတန်းစား ပူးပေါင်းဆောင်ရွက်မှုများဖြင့် လူ့အခွင့်အရေးကို မြှင့်တင်ပေးပါသည်။

← စတင်မှုများ

Chiricli

Chiricli သည် ရောမအမျိုးသမီးများကို ထောက်ပံပေးရန် ပေးအပ်မြှုပ်နှံထားသော အဖွဲ့အစည်းအမျိုးစားများထဲမှ ပထမဆုံးတစ်ခု ဖြစ်သည်။

တည်နေရာ- ကိဗ်ယက်မြို့၊ ယူကရိန်းနိုင်ငံ

Chiricli သည် ရောမအမျိုးသမီးများကို ငွေကြေးထောက်ပံ့ရန် နှင့် အာရုံစိုက်ရန်အတွက် ယူကရိန်းရှိ ပထမဆုံးအဖွဲ့အစည်းဖြစ်သည်။ ၂၀၀၄ ခုနှစ်ကတည်းက ၎င်း၏လုပ်ငန်းစဉ်တွင် ရောမခေါင်းဆောင်များကို လေ့ကျင့်ခန်း နှင့် ကျန်းမာရေး၊ မူကြိုပညာရေး နှင့် လူ့အခွင့်အရေးစသည့် ရောမလူမျိုးများနှင့် ပတ်သတ်သော ဖွံ့ဖြိုးမှုအစီအစဉ်အရေးကြီးကိစ္စရပ်များတွင် ပေးအပ်မြှုပ်နှံထားသည့် လူမှုအသိုင်းအဝိုင်းအဖွဲ့အစည်းများကို ကူညီခြင်းတို့ ပါဝင်သည်။ ၎င်းသည် နိုင်ငံလုံးဆိုင်ရာ နှင့် ဒေသတွင်းအဆင့် ရောမကိစ္စရပ်များကို မြင့်တင်ရန် အစည်းအဝေးများ၊ ပညာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ လေ့ကျင့်ရေးများ နှင့် သတင်းစာရှင်းလင်းပွဲများကို စီစဉ်ပေးသည့်အပြင် ပိုမိုကောင်းမွန်သော ရောမလူမှုအသိုင်းအဝိုင်းအခြေအနေကို ပြောင်းလဲရန် ကူညီပေးသည်။ ယူကရိန်းသည် ရုရှား၏အပြည့်အဝကျူးကျော်ခံရပြီးနောက်ပိုင်းတွင် Chiricli သည် အရေးပေါ်ကူညီထောက်ပံ့မှုများ၊ ရောမအမျိုးသမီးများအတွက် ထောက်ခံအားပေးမှု နှင့် ရောမလူမှုအဖွဲ့အစည်း၏ စစ်ကြောင့်ခံစားရသောအခက်အခဲစိန်ခေါ်မှုများကို တုံ့ပြန်ရေးတို့ကို အာရုံစိုက်ထားသည်။ ဥပမာ- Chiricli သည် ယူကရိန်းရှိ ရောမလူမှုအဖွဲ့အစည်းများ၏တန်ဖိုး၊ ယဉ်ကျေးမှု နှင့် ထုံတမ်းအစဉ်အလာများကို နားလည်ရန် ဘာသာစကားငါးမျိုးပြောနိုင်သည့် လမ်းညွှန်တစ်ဦးကို ပြင်ဆင်ထားပြီး စစ်မှထွက်ပြေးလွတ်မြောက်လာသော ရောမဒုက္ခသည်များနှင့်ဆက်သွယ်ကာ ပိုမိုကူညီထောက်ပံ့ပေးရန် စီစဉ်ထားသည်။

UUSC ၏မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် Chiricli သည် ယူကရိန်းရှိ ရောမယဉ်ကျေးမှုကို ထိန်းသိမ်းရန် နှင့် အဆင့်မြှင့်တင်ရန် ကူညီပြီး ရောမဒုက္ခသည်များကို အရေးပေါ်ထောက်ပံ့မှုအင်အားများ လိုအပ်မှုကို ကူညီပေးသည်။

ဓာတ်ပုံ ခရက်ဒစ်- Chiricli

ဗမာစာ