တရားမမျှတမှုကို စိန်ခေါ်၊ လူ့အခွင့်အရေး မြှင့်တင်ရေး

Unitarian Universalist Service Committee သည် အခြေခံလူတန်းစား ပူးပေါင်းဆောင်ရွက်မှုများဖြင့် လူ့အခွင့်အရေးကို မြှင့်တင်ပေးပါသည်။

← စတင်မှုများ

Ecological Solutions Foundation

Ecological Solutions သည် အကောင်းဆုံးထိန်းသိမ်းပြုပြင်မှု နှင့် အကျိုးပြုဂေဟစနစ်လုပ်ငန်းစဉ်များမှတစ်ဆင့် ဆိုလိုမွန်ကျွန်းများရှိ ဂေဟဗေဒပြဿနာများကို ရင်ဆိုင်ဖြေရှင်းသည်။
Ecological Solutions Foundation

တည်နေရာ- Gizo Western၊ ဆိုလိုမွန်ကျွန်းများ

The Ecological Solutions Foundation သည် ဆိုလိုမွန်ကျွန်းများရှိ တစ်ခုတည်းသော အခြေခံလူတန်းစားအဖွဲ့အစည်း ဖြစ်ပြီး ရာသီဥတု၏ နှောင့်ယှက်ဖျက်ဆီးမှု အကျိုးသက်ရောက်ခြင်းများကို တိုက်ရိုက်ရင်ဆိုင်နေရသော ရွာများ၏လိုအပ်ချက်များကို တုံ့ပြန်ရန် နှင့် နားလည်သဘောပေါက်မှုတို့ကို မြှင့်တင်ပေးရန် လုပ်ဆောင်လျက်ရှိသည်။ 

UUSC နှင့် တွဲဖက်လုပ်ဆောင်ရာတွင်၊ ESF အဖွဲ့သည် မသန်စွမ်းများ နှင့် ဆိုလိုမွန်ကျွန်းများရှိ အခြားထိရောက်စွာ ဆောင်ရွက်နေသော လူမှုအဖွဲ့အစည်းတို့ကို ထောက်ခံအားပေးသည့်အပြင် ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်ကို တုံ့ပြန်ရန် ဘေးကင်းသည့် ကိုယ်ပိုင်နည်းလမ်းများဖြင့် ပြန်လည်နေရာချထားရန် ၎င်းတို့၏ကြိုးပမ်းနေမှုများကိုလည်း ပံ့ပိုးကူညီပေးသည်။ အထူးသဖြင့် ESF သည် လူသားများကြောင့် ဖြစ်ပေါ်လာသည့် ရာသီဥတုအကျိုးဆက်များကို လိုက်လျောညီထွေဖြစ်ရန် နှင့် ပြန်လည်နေရာချထားရန် နည်းလမ်း ရှာဖွေနေကြသော Tikopia သန္တာကျောက်ကျွန်းရှိ အောက်ခြေပိုင်းလူများနှင့် ရာသီဥတု၏အကျိုးဆက်များကို ရှေ့တန်းတစ်နေရာတွင် ဆောင်ရွက်လျက်ရှိသည်။

ESF သည် ရာသီဥတုပြောင်းလဲမှုကြောင့် ပျက်ဆီးဆုံးရှုံးခဲ့ရသည့် အိမ်များ ပိုမိုခိုင်မာတောင့်တင်းစေရန် ကူညီပေးပြီး၊ အများပြည်သူ မိသားစုများ နှင့် လူမှုအဖွဲ့အစည်းများ၏ကျန်းမာရေးတို့ကို ထောက်ပံ့ပေးသည်။ ထို့ပြင် သန့်ရှင်းသောရေ ရရှိရန် မိုးရေစုဆောင်းသည့်ကန်များ တပ်ဆင်ပေးပြီး Nuatabu ရွာ၊ Nusa Hope နှင့် Wagina တို့တွင် ရာသီဥတုကပ်ဘေးကြောင့် အိုးအိမ်စွန့်ခွာသူရသူများကို အသိပညာပေးခဲ့သည်။

ထို့ပြင် အဖွဲ့အစည်းသည် တိုးမြှင့်ထားသော ဝန်ဆောင်မှုများ နှင့် ရာသီဥတုပြောင်းလဲမှုအကျိုးဆက်ကို ခံစားခဲ့ရသော မသန်စွမ်းများအတွက် အရင်းအမြစ်များကို ထောက်ပံ့ကူညီထားသည်။

ESF သည် Lord Howe သန္တာကျောက်ကျွန်းတွင် ရာသီဥတုပြောင်းလဲမှု၏အကျိုးဆက်များကို အသိပညာပေးသည်။ မှတ်တမ်းတင်ဗီဒီယိုတစ်ခုသည် သန္တာကျောက်ကျွန်းတွင်နေထိုင်ကြသူများကိုယ်စား မူဝါဒချမှတ်သူများမှ အရေးယူပေးရန် တောင်းဆိုသည့် တိုးတက်ဖြစ်ပေါ်မှုကို ဖြစ်စေခဲ့သည်။

Ecological Solutions Foundation သည် ရာသီဥတုပြောင်းလဲမှု၏ လူမှု နှင့် သိပ္ပံနည်းကျ လေ့လာမှုများ အပြင် လူမှုအဖွဲ့အစည်းများ နှင့် ဂေဟစနစ်များပေါ်တွင် ၎င်းတို့၏သက်ရောက်မှုများကိုလည်း စီမံဆောင်ရွက်ပေးသည်။ အဖွဲ့အစည်းသည် လူမှုအဖွဲ့အစည်းများ၏ စိတ်ပါဝင်စားမှုများ နှင့် ယဉ်ကျေးမှုများကို အကာအကွယ်ပေးသည့် မူဝါဒများအတွက် မဲဆွယ်ပေးခြင်း နှင့် ကမ်ပိန်းများမှတစ်ဆင့် ၎င်းတို့ကို ပံ့ပိုးကူညီသည်။

UUSC သည် ဆိုလိုမွန်းကျွန်းများ၏ ဝေးလံသောကမ်းရိုးတန်းများရှိ လူမှု့အသင်းအဖွဲ့များကို နေထိုင်ရာနေရာတွင် အမိုးအကာများ ကူညီတည်ဆောက်ပေးရန်၊ အိမ်များ ပြန်လည်တည်ဆောက်ပေးရန် Ecological Solutions Foundation နှင့် တွဲဖက်ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ၎င်းတို့ ပြန်လည်နေရာချထားရန် ကြိုးပမ်းနေမှုများတွင် အန္တရာယ်ရှိသည့်အသင်းအဖွဲ့များအား ထောက်ပံ့ပေးမည့် အရင်းအမြစ်များကိုလည်း ထောက်ခံအားပေးသည်။

UUSC ၏ပံ့ပိုးမှုဖြင့် Ecological Solutions Foundation သည် Wagina ၏ရွာအတွက် ရေတိုင်ကီလေးလုံးကို ဝယ်ယူနိုင်ခဲ့ပြီး ယုံကြည်စိတ်ချရသော၊ သန့်ရှင်းသော ရေအထောက်အပံ့များကို အခြေခံသုံးစွဲမှုများ နှင့် မိလ္လာစနစ်တို့အတွက် ထောက်ပံ့ပေးလျက်ရှိသည်။ Ecological Solutions Foundation သည် ဒီရေလှိုင်းများကြောင့် အိုးအိမ်ရွှေ့ပြောင်းရမည့် Nuatabu ရွာ လူမှု့အသင်းအဖွဲ့များကို ကူညီရန် ဆောက်လုပ်ရေးပစ္စည်းများ ပံ့ပိုးပေးနိုင်ခဲ့ပြီး ဒေသအစိုးရဌာနများမှ အရင်းအမြစ်များ နှင့် နည်းပညာအထောက်အပံ့များကိုလည်း ၎င်းတို့အိမ်များ ပြန်လည်တည်ဆောက်ရာတွင် ထောက်ပံ့ပေးခဲ့ကြသည်။

ဓာတ်ပုံ ခရက်ဒစ်- Ecological Solutions Foundation

Read This Next

ဗမာစာ