တရားမမျှတမှုကို စိန်ခေါ်၊ လူ့အခွင့်အရေး မြှင့်တင်ရေး

Unitarian Universalist Service Committee သည် အခြေခံလူတန်းစား ပူးပေါင်းဆောင်ရွက်မှုများဖြင့် လူ့အခွင့်အရေးကို မြှင့်တင်ပေးပါသည်။

← စတင်မှုများ

FM4 Paso Libre

မက်က္ကဆီကိုမှတစ်ဆင့် အကူးအပြောင်းတွင် ရွှေ့ပြောင်းနေထိုင်သူများ နှင့် ဒုက္ခသည်များအတွက် အကူအညီအပြည့်အစုံကို ကမ်းလှမ်းလျက်ရှိသော လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခု။
FM4 image

တည်နေရာ- Guadalajara၊ မက္ကဆီကို

FM4 Paso Libre သည် မက္ကဆီကိုမြောက်ပိုင်းတွင် ပြည့်စုံသော လူသားချင်းစာနာထောက်ထားမှု အကူအညီ၊ ထောက်ခံအားပေးမှု နှင့် သုတေသနများမှတစ်ဆင့် ရွှေ့ပြောင်းနေထိုင်သူများ၊ ဒုက္ခသည်များ၏လူ့အခွင့်အရေး တိုက်တွန်းပြောဆိုခြင်း နှင့် ခုခံကာကွယ်ခြင်းတို့အတွက် မြှုပ်နှံထားသော အကျိုးအမြတ်မယူသည့်အဖွဲ့အစည်း တစ်ခု ဖြစ်သည်။ 

မက္ကဆီကိုမှတစ်ဆင့် ခရီးသွားရာတွင် နိုင်ငံရေးခိုလှုံခွင့်ကို ရှာဖွေနေပြီး ရွှေ့ပြောင်းနေထိုင်သူများ၏ အခွင့်အရေးများကို မြှင့်တင်ရန် နှင့် ခိုလှုံရာနေရာကို လုပ်ဆောင်နေကြသော အဖွဲ့အစည်းများအကြား၊ FM4 Paso Libre သည် ထင်ရှားသည်။ ပိုမိုဘေးကင်းသော ရွှေ့ပြောင်းနေထိုင်သည့်လမ်းကြောင်း နှင့် ဒေသခံလူမှု့အဖွဲ့အစည်း နှင့်၎င်းတို့ပါဝင်ပတ်သတ်မှု စသည့်နေရာနှစ်ခုစလုံးတွင် ခိုလှုံရာနေရာ နှင့် ၎င်းတို့၏လုပ်ဆောင်ချက်များကို ပါဝင်အားဖြည့်ရန် ရွှေ့ပြောင်းနေထိုင်သူများနှင့် ယှဉ်တွဲဆောင်ရွက်လျက်ရှိသည်။ ပေါင်းစည်းထားသော ခိုလှုံရာနေရာ၏ပုံစံ၊ ဥပဒေအကာအကွယ် ရယူခြင်း၊ လမ်းကြောင်းပေါ်ရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်ခြင်း နှင့် တိုက်တွန်းအားပေးခြင်းတို့သည် အကျိုးသက်ရောက်မှု မြင့်မားပြီး ထင်ရှားသည်။ ဒေသခံလူမှု့အဖွဲ့အစည်းနှင့်အတူ ၎င်းသည် ရွှေ့ပြောင်းနေထိုင်သူများ၊ ဒုက္ခသည်များအတွက် ဆောင်ရွက်နေပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီ၏ အကျိုးပြုပုံစံကိုလည်း တောင့်တင်းခိုင်မာစေသည်။

နိုင်ငံရေးခိုလှုံခွင့်ရရန် ကြိုးပမ်းနေသူများ နှင့် ရွှေ့ပြောင်းနေထိုင်သူများ၏အပိုင်းတွင် ဥပဒေဝန်ဆောင်မှုများအတွက် တိုးမြင့်လာသော လိုအပ်ချက်များကို တုံ့ပြန်ရာတွင်၊ UUSC သည် ၎င်းတို့၏ဥပဒေပိုင်းဆိုင်ရာ ကုစားမှုအစီအစဉ်ကို ပံ့ပိုးရန် FM4 Paso Libre နှင့် မိတ်ဖက်ဆောင်ရွက်သည်။ ရွှေ့ပြောင်းနေထိုင်သူ သို့မဟုတ် နိုင်ငံရေးခိုလှုံခွင့် ရရန် ကြိုးပမ်းသူတစ်ယောက်မှ အကူအညီ တောင်းခံလာသောအခါ၊ ဥပဒေဝန်ထမ်း နှင့် စေတနာ့ဝန်ထမ်းများသည် ဝန်ဆောင်မှုများ၊ ၎င်းတို့၏လိုအပ်ချက်များအကြောင်း တစ်ဦးချင်းတွေ့ဆုံမေးမြန်းခြင်း နှင့် အကာအကွယ်များရှာဖွေရန် အကောင်းဆုံးလမ်းကြောင်းကို ၎င်းတို့အား အသေးစိတ်ကူညီစီစဉ်ပေးခြင်းတို့ကို ပံ့ပိုးပေးသည်။

၎င်းတို့၏ကိစ္စရပ်များတွင် တင်ပြချက်ကို ၎င်းတို့မှ တောင်းဆိုလာပါက၊ ဥပဒေပိုင်းညှိနှိုင်းဆောင်ရွက်သူသည် ၎င်းတို့၏တင်ပြချက်ကို စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းစဉ်များအရ National Migration Institute (INM၊ စပိန်ဘာသာစကားဖြင့်)၊ Mexican Commission for Refugee Aid (COMAR၊ စပိန်ဘာသာစကားဖြင့်)တို့ဖြင့် တာဝန်ယူဆောင်ရွက်သည့်အပြင် ရွှေ့ပြောင်းနေထိုင်သူများ နှင့် ဒုက္ခသည်များ ခံစားခဲ့ရသော လူ့အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်းကို တရားဝင်အောင် လုပ်ဆောင်ပေးလျက် ရှိသည်။

ဓာတ်ပုံ ခရက်ဒစ်- FM4 Paso Libre

Read This Next

ဗမာစာ