Unitarian Universalist Service Committee သည် အခြေခံလူတန်းစား ပူးပေါင်းဆောင်ရွက်မှုများဖြင့် လူ့အခွင့်အရေးကို မြှင့်တင်ပေးပါသည်။
Foundation for the Austin Sanctuary Network

တည်နေရာ- Austin၊ တက္ကဆက်
Foundation for the Austin Sanctuary Network (ASN) ကို ၂၀၁၅ ခုနှစ်တွင် ဖွဲ့စည်းထားသည်။ ၎င်းတို့၏ဇာတိနိုင်ငံတွင် အန္တရာယ်ရှိပြီး သေစေနိုင်သည့် အခြေအနေများမှ လွတ်မြောက်လာကာ ထိုကဲ့သို့ တူညီသည့်အခြေအနေများသို့ ပြန်လည်ကာ နယ်နှင်ဒဏ်ပေးခြင်း မခံရလိုသော နိုင်ငံရေးခိုလှုံရန် ကြိုးပမ်းသူများ နှင့် ရွှေ့ပြောင်းနေထိုင်သူများအတွက် အထောက်အပံ့များ နှင့် ခိုလှုံရာနေရာများကို ၎င်းအဖွဲ့အစည်းက ထောက်ပံ့ပေးသည်။
ASN သည် နိုင်ငံရေးခိုလှုံခွင့်ကို မမျှတစွာ ငြင်းပယ်ခံရသည့် အခြေအနေတွင် ရောက်ရှိနေသော စာရွက်စာတမ်းမရှိသည့် ရွှေ့ပြောင်းနေထိုင်သူများနှင့် တစ်စုတစ်စည်းတည်း ဆောင်ရွက်နေသည်။ ASN သည် ရုတ်တရက်ဖမ်းဆီးခြင်း နှင့် ဖမ်းဆီးငွေညှစ်ခြင်းတို့ကို ချက်ချင်းရပ်တန့်ရန်၊ ပြည်နှင်ဒဏ်ပေးခြင်းများအားလုံးကို အဆုံးသတ်ရန်၊ မျှတပြီး လူသားဆန်သည့် လူဝင်မှုကြီးကြပ်ရေးဥပဒေများကို ပြင်ဆင်ရန် တောင်းဆိုပေးသည်။ ၎င်းအဖွဲ့အစည်းသည် နည်းဗျူဟာနှစ်ခုကို အသုံးပြုသည်-
- တရားဝင်နည်းလမ်းများကို အားကုန်သုံးကာ ပြည်နှင်ဒဏ်ပေးခံရမှုကို ရင်ဆိုင်နေကြသော ရွှေ့ပြောင်းနေထိုင်သူများအတွက် ကိုယ်တိုင်ကိုယ်ကျ ခိုလှုံရာနေရာကို ပံ့ပိုးရန် လူမှု့အသိုင်းအဝိုင်းတစ်ခုကို ထိုအဖွဲ့အစည်းမှ ကြိုးပမ်းနေသည်။
- ၎င်းတို့သည် ပြည်နှင်ဒဏ်ပေးခံရမှု လုပ်ငန်းစဉ်များဖြစ်သည့် လိုအပ်သော ICE စစ်ဆေးမှုများ၊ ခြေကျင်းဝတ်ကိရိယာများဖြင့် စောင့်ကြည့်စစ်ဆေးခြင်းတို့အပြင် ဤစနစ်များသည် ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင် မည်သည့်အရာကို လုပ်ဆောင်ကြောင်း မျက်မြင်သက်သေကို San Antonio ရှိ တရားခွင်ကြားနာမှုတို့အား ကိုယ်တွေ့တက်ရောက်ရန် လိုအပ်သောကြောင့် Austin ဒေသရှိ ရွှေ့ပြောင်းနေထိုင်သူများအတွက် တွဲဖက်ဆောင်ရွက်ခြင်းများ ပံ့ပိုးပေးသည်။
ASN ၏ကုန်ကျစရိတ်လှူဒါန်းမှုများသည် ရွှေ့ပြောင်းနေထိုင်သူများ နှင့် နိုင်ငံရေးခိုလှုံခွင့် ရရန် ကြိုးပမ်းနေသူများအား ပံ့ပိုးနေသည့် လူတစ်စုကို ကူညီပေးသည်။ ASN သည် ခိုလှုံရာနေရာရှိ ခေါင်းဆောင်များအား ၎င်းတို့ကိုယ်ပိုင်လိုအပ်ချက်များအရ ငွေကို ပိုမိုလွတ်လပ်စွာ သုံးစွဲရန် ခွင့်ပြုပေးထားသည်။ ၎င်းတို့သည် Congress အဖွဲ့ဝင်များကို ရွှေ့ပြောင်းရန် အခြေခံအဆောက်အအုံ၊ ICE နှင့် DHS ကို တိုက်ရိုက်ဆက်သွယ်ရန်၊ Stays of Removal ၏အတည်ပြုချက်ကို တောင်းဆိုရန် စီမံခန့်ခွဲမှုများကိုလည်း ပြုလုပ်ပေးထားသည်။
UUSC သည် ရွှေ့ပြောင်းနေထိုင်သူများ တရားမျှတမှုအတွက် Foundation for the Austin Sanctuary Network ၏ထောက်ခံအားပေးမှုကို ပံ့ပိုးပေးသည်။ ထို့ပြင် ၎င်း၏အဖွဲ့အစည်းများအတွက် လစာများ နှင့် လုပ်ဆောင်နေဆဲ ဆက်တိုက် စကားပြန်ဆိုမှုကုန်ကျစရိတ်ကိုလည်း ၎င်းတို့အဖွဲ့မှ ပံ့ပိုးပေးသည်။
ဓာတ်ပုံ ခရက်ဒစ်-Foundation for the Austin Sanctuary Network