World’s highest court issues clear climate ruling: Countries must protect the climate and compensate for harms to people and planet

တရားမမျှတမှုကို စိန်ခေါ်၊ လူ့အခွင့်အရေး မြှင့်တင်ရေး

Unitarian Universalist Service Committee သည် အခြေခံလူတန်းစား ပူးပေါင်းဆောင်ရွက်မှုများဖြင့် လူ့အခွင့်အရေးကို မြှင့်တင်ပေးပါသည်။

← စတင်မှုများ

Fundacion Entre Mujeres

၁၉၉၅ ခုနှစ်၌ တည်ထောင်ပြီး နီကာရာဂွါအလယ်မြောက်ပိုင်းတစ်ဝိုက် Estelí တွင် အခြေစိုက်သော အမျိုးသမီးများ၏ NGO နှင့် လူမှုရေးလှုပ်ရှားမှုတစ်ခု။
Fundacion Entre Mujeres

တည်နေရာ- Estelí၊ နီကာရာဂွါ

Fundacion Entre Mujeres (FEM) သည် စီမံကိန်းများမှတစ်ဆင့် ကျေးလက်နေအမျိုးသမီးများ၏ လုပ်ပိုင်ခွင့်အာဏာကို မြှင့်တင်ပေးသည်။ ၎င်းတို့သည် နယ်မြေအခွင့်အရေး နှင့် အစားအစာများ ချယ်လှယ်အသုံးပြုပိုင်ခွင့်ရရေးကို အလေးပေးသည့် စီးပွားရေးလွတ်လပ်ခွင့်ကို အဆင့်မြှင့်တင်ခြင်း၊ အမျိုးသမီးများအား အကြမ်းဖက်မှုကို ကာကွယ်ခြင်းတို့အပြင် လုပ်ပိုင်ခွင့်အာဏာအတွက် လမ်းကြောင်းတစ်ခုအဖြစ် စာတတ်မြောက်ရေးကို မြှင့်တင်ပေးခြင်းစသည်တို့ကို အာရုံစိုက်ထားသည်။

FEM သည် လူမှု့နိုင်ငံရေးအကျပ်အတည်းကာလအလယ်တွင် ၎င်းတို့၏နယ်မြေ နှင့် လူမှုအသိုင်းအဝိုင်းများကို ပြန်လည်ဖော်ဆောင်နေကြသော နီကာရာဂွါရှိ campesina (သူဆင်းရဲ လယ်သမား) အမျိုးသမီးများကို ထောက်ပံ့ရန် အရေးကြီးသော လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ပေးသည်။ FEM ၏အဖွဲ့ဝင်အဖြစ် ပါဝင်ထားသော လယ်သမားအမျိုးသမီးများအတွက် စီးပွားရေးအခွင့်အလမ်းများကို ထောက်ပံ့ပေးခြင်းဖြင့် အမေရိကန်အလယ်ပိုင်းတွင် ဘေးကင်းစွာနေထိုင်နိုင်သည့်အခွင့်အရေးကို FEM နှင့် UUSC တို့က ကူညီမြှင့်တင်ပေးသည်။ FEM သည် အမျိုးသမီးများ ရင်ဆိုင်နေရသော စိန်ခေါ်မှုဒဏ်ခံနိုင်သည့် ကိုယ်တိုင်ဆုံးဖြတ်နိုင်စွမ်း နည်းဗျူဟာများကို တည်ဆောက်ရန် နှင့် စီမံခန့်ခွဲရန် အမျိုးသမီးများအတွက် နေရာများကို ထောက်ပံ့ပေးသည်။ ၎င်းတို့သည် ရေရှားမှု နှင့် ရာသီဥတု ဆိုးဝါးမှုများ တိုက်ရိုက်ခံစားရသည့် လယ်သမားများနှင့် ဆောင်ရွက်ရသောကြောင့် FEM ၏အလုပ်သည် ရာသီဥတုအကျပ်အတည်းများနှင့်လည်း သက်ဆိုင်သည်။

UUSC ၏အထောက်အပံ့သည် Las Diosas Cooperatives Center အတွက် လုပ်ဆောင်လျက်ရှိသော အဓိက ဝန်ထမ်းအဖွဲ့ဝင်ပေါင်းများစွာကို ကူညီ၍ လျော်ကြေးပေးသည်။ ထိုစင်တာသည် အမျိုးသမီးများ ပူးပေါင်း၍ သင့်တင့်မျှတသော ကော်ဖီ ရောင်းဝယ်ထုတ်လုပ်သည့်နေရာ ဖြစ်သည်။ UUSC မှ ထပ်မံပံ့ပိုးမှုဖြင့် ပူးပေါင်းအဖွဲ့သည် တွဲဖက်ဆောင်ရွက်သောအမျိုးသမီးကော်ဖီတောင်သူများကို အရင်းအမြစ်များ ပံ့ပိုးပေးသည်။ ဤအရာသည် စင်တာကို ရေရှည်တွင် သေချာရပ်တည်နိုင်ပါစေလိမ့်မည်။ FEM သည် အစားအစာများလုံခြုံရေး နှင့် လုပ်ပိုင်ခွင့်အာဏာတို့ကို တိုးမြှင့်စေသည့် အစီအစဉ်များ ဖွံ့ဖြိုးလာရန်ကိုလည်း လုပ်ဆောင်လျက်ရှိသည်။ UUSC မှ ပံ့ပိုးထားသော ရန်ပုံငွေကို အရေအတွက်တူညီသော လူမှုအသိုင်းအဝိုင်းများမှ အမျိုးသမီး ၄၈ ယောက်အုပ်ချုပ်သည့် မျိုးစေ့သိုလှောင်ကန် ၈ ကန်အတွက် အခြေခံမျိုးစေ့များ (ပြောင်းဖူး နှင့် ပဲများ) ၏ ဝယ်ယူရေး နှင့် သယ်ယူပို့ဆောင်ရေးတို့တွင် ထောက်ပံ့ရန် ခွင့်ပြုပေးပါမည်။ FEM သည်လည်း ဤမျိုးစေ့များ၏လယ်ယာဂေဟဗေဒဆိုင်ရာ စီမံခန့်ခွဲမှုများရှိ အလုပ်ခွင်ဆွေးနွေးပွဲ နှစ်ခုကို ပံ့ပိုးပေးပါမည်။ အကျိုးပြုမှုကို မြင့်တက်လာစေရန်အတွက် အဓိကရန်ပုံငွေအဖြစ် အသုံးပြုနေသော သိုလှောင်ကန်များရှိ ထုတ်ကုန် နှင့် မျိုးစေ့များကို ထိန်းသိမ်းရန် ပို၍ခက်ခဲလာနေသောကြောင့် ဤရာသီဥတုအကျပ်အတည်းကာလတွင် သိုမှီးရာဌာနရှိ အမျိုးသမီးများကို ပံ့ပိုးခြင်းသည် အခြေခံကျသည်။ 

ကူးစက်ရောဂါကပ်ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ကာလအတွင်း FEM သည် အရေအတွက်တူ လူမှု့အသိုင်းအဝိုင်းအတွင်း ဂေဟာခြောက်လုံး တည်ဆောက်ပေးခြင်း၊ တံခါးများ နှင့် ပြတင်းပေါက်များ ပြုပြင်ခြင်း ကဲ့သို့သော အခြေခံအဆောက်အုံတွင့် အသေးစားပြုပြင်မှုများ ပြုလုပ်ခြင်း၊ ခြံစည်းရိုးခတ်ခြင်း နှင့် ဖျာများ ထုတ်လုပ်ခြင်းတို့ကို လုပ်ဆောင်ပေးသည်။

ဤအရာသည် FEM မှပံ့ပိုးသော အစီအစဉ်များ၏လုပ်ဆောင်နေမှုများအတွက် မရှိမဖြစ်လိုအပ်သည်။ သို့သော် ဤဂေဟာများသည် ဂေဟာ၏လူမှုအဖွဲ့ဝင်များ အထူးသဖြင့် အထီးကျန်နေသော အမျိုးသမီးများအတွက် အစားထိုးစင်တာတစ်ခုအဖြစ်လည်း ဆောင်ရွက်ပေးသည်။

ဓာတ်ပုံ ခရက်ဒစ်-

ဗမာစာ