Unitarian Universalist Service Committee သည် အခြေခံလူတန်းစား ပူးပေါင်းဆောင်ရွက်မှုများဖြင့် လူ့အခွင့်အရေးကို မြှင့်တင်ပေးပါသည်။
Karenni Human Rights Group (ကရင်နီ လူ့အခွင့်အရေးအဖွဲ့)

တည်နေရာ- ဘန်ကောက်၊ ထိုင်းနိုင်ငံ
Karenni Human Rights Group (ကရင်နီ လူ့အခွင့်အရေးအဖွဲ့) (KnHRG) သည် ကရင်နီများ ဦးဆောင်သော အခြေခံလူ့အခွင့်အရေးအဖွဲ့အစည်း ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ၎င်းသည် မြန်မာနိုင်ငံအတွင်းရှိ ကယားပြည်နယ်၏ ခုနစ်မြို့နယ် နှင့် ကယန်းပြည်နယ်၏ အပိုင်းများအားလုံးတို့တွင် စီမံဆောင်ရွက်နေသည်။ KnHRG ကို ဒေသခံများ၊ လူငယ်များ၊ အမျိုးသမီး တက်ကြွလှုပ်ရှားသူများ၊ မြေယာပြဿနာ တက်ကြွလှုပ်ရှားသူများ နှင့် လူမှု့အသိုင်းအဝိုင်း ဖွံ့ဖြိုးမှုဆိုင်ရာ ကျွမ်းကျင်သူများအပါအဝင် လူမှု့အဖွဲ့အစည်းအမြောက်အမြားဖြင့် ဖန်တီးထားသည်။
အဖွဲ့အစည်းသည် အစီအစဉ်များစွာမှတစ်ဆင့် လူ့အခွင့်အရေးကို မြှင့်တင်ပေးသည်။ လူ့အခွင့်အရေး မြှင့်တင်မှု အစီအစဉ်သည် ဒေသတစ်ခွင် လေ့ကျင့်သင်တန်းပေးမှုများမှတစ်ဆင့် အသိပညာများ တိုးမြှင့်ရန် ရည်ရွယ်သည်။ UUSC ၏ပံ့ပိုးမှုသည် အဖွဲ့အစည်းရှိ ဝန်ထမ်းများ၏စွမ်းရည် မြင့်မားရန် နှင့် အားပေးထောက်ခံသည့် တက်ကြွလှုပ်ရှားမှုများတွင် ထိတွေ့ဆောင်ရွက်ရန် ကူညီပေးသည်။
ဓာတ်ပုံ ခရက်ဒစ်- Karenni Human Rights Group (ကရင်နီ လူ့အခွင့်အရေးအဖွဲ့)