တရားမမျှတမှုကို စိန်ခေါ်၊ လူ့အခွင့်အရေး မြှင့်တင်ရေး

Unitarian Universalist Service Committee သည် အခြေခံလူတန်းစား ပူးပေါင်းဆောင်ရွက်မှုများဖြင့် လူ့အခွင့်အရေးကို မြှင့်တင်ပေးပါသည်။

← စတင်မှုများ

The Lowlander Center

လူဝီစီယားနားပြည်ရှိ ဘာရူဒေသ၏အလယ်ပိုင်းတွင် ပညာရေး၊ သုတေသန နှင့် အားပေးတိုက်တွန်းခြင်းတို့အတွက် လုပ်ကိုင်ဆောင်ရွက်နေသော စင်တာတစ်ခု။
Two Indigenous villagers speak in Grand Bayou Village, Louisiana

တည်နေရာ- ဂရေး၊ လူဝီစီယားနားပြည်နယ်

လူဝီစီယားနားပြည်နယ်၏ဘာရူဒေသများတွင် အခြေစိုက်သော The Lowlander Center သည် မြေနိမ့်ပိုင်းရှိ ပြည်သူများနှင့် နေရာများကို ပညာရေး၊ သုတေသန နှင့် အားပေးတိုက်တွန်းခြင်းမှတစ်ဆင့် ထောက်ပံ့ကူညီလျက်ရှိသော အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းဖြစ်သည်။ Lowlander သည် ရာသီဥတုပြောင်းလဲမှုကြောင့် ခံစားနေရသော လူမျိုးစုတို့နှင့် ညွန့်ပေါင်းဖွဲ့စည်းကာ ၎င်းတို့၏အခွင့်အရေးများအတွက် အားပေးတိုက်တွန်းမှုများ လုပ်ဆောင်ပေးသည်။ တစ်ဖက်တွင်လည်း နိုင်ငံတစ်ဝှမ်းမှ လူမှု့အသင်းအဖွဲ့များနှင့် ဆက်ဆံရေးတည်ဆောက်ရာတွင်လည်း တူညီသောစိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။

UUSC နှင့် Lowlander Center တို့၏ရေရှည်ပူးပေါင်းဆောင်ဆောင်ရွက်မှုသည် ဥပဒေအရဆက်လက်ကူညီမှု နှင့် မျိုးနွယ်စုများကို အရင်းအမြစ်များ ပံ့ပိုးခြင်းတို့တွင် အာရုံစိုက်ထားပြီး ၎င်းတို့အနေဖြင့် ရာသီဥတုအကျပ်အတည်းများကို ကိုယ်ပိုင်ဆုံးဖြတ်ချထားသည့်နည်းလမ်းများဖြင့် တုံ့ပြန်ရန် နှင့် ပြင်ဆင်ညှိနှိုင်းရန် တိုက်တွန်းအားပေးသည်။ ဤဆောင်ရွက်ချက်တွင် ရာသီဥတု၏နှောင့်ယှက်မှုကြောင့် အများဆုံးခံစားနေရသော လူမှု့အဖွဲ့အစည်းများ ဦးစီးဆောင်ရွက်ထားသည့် ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များအပြင် ရာသီဥတု ဆီလျော်အောင်စီစဉ်ခြင်းတို့ကို သေချာစေရန် မူဝါဒချမှတ်သူများကို အကြံပြုထောက်ခံမှုများ ဖော်ဆောင်ခြင်းတို့ ပါဝင်သည်။ 

UUSC သည် ရာသီဥတုကြောင့် နယ်မြေတိုက်စားမှု နှင့် အခြားပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို ခံစားနေရ၍ နေရာသစ်တွင် နေထိုင်ရန် ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ချခြင်းကို ရင်ဆိုင်နေရသော လူမှု့အသင်းအဖွဲ့များအတွက် တိုးတက်ဖွံ့ဖြိုးစေကာ လိုက်လျောညီထွေမှုရှိစေသည့် လုပ်ငန်းစဉ်တစ်ခုရှိ Lowlander Center ၏အလုပ်ကို ပံ့ပိုးကူညီပေးသည်။ ဤ “အကောင်းဆုံးအလေ့အထ” ဖြစ်ပျက်သည့်အခြေအနေတွင် လုံလောက်သော နေထိုင်မှုပုံစံ နှင့် မျိုးနွယ်စုများကို သက်ရောက်နိုင်သည့် လူမှုရေးအစီအစဉ်များ၏ဖွံ့ဖြိုးတိုးတက်မှုတွင် တက်ကြွစွာပါဝင်နေကြသော ၎င်းလူမျိုးတို့၏ အခွင့်အရေး စသည့် ယုံကြည်ချက်များ ပါဝင်သည်။ ထို့ပြင် ဒေသတွင်း အပင်မျိုးစိတ်များ၊ အသစ်ပြန်လည်ဖြည့်တင်းနိုင်သည့် စွမ်းအင်အရင်းအမြစ်များ နှင့် ထိန်းသိမ်းမှု အလေ့အကျင့်များကို အသုံးပြုခြင်းများ အပါအဝင် လူမှု့အသင်းအဖွဲ့၏ပြန်လည်ဖွံ့ဖြိုးမှု အစီအစဉ်များအတွင်းသို့ ပေါင်းစည်းထားသည့် ပကတိကောင်းမွန်သော ပတ်ဝန်းကျင်ဆိုင်ရာအလေ့အထများလည်း ပါဝင်သည်။ Lowlander Center သည် ဘေးကင်းသောနယ်မြေကို လူမှု့အသင်းအဖွဲ့များကို ကူညီလမ်းညွှန်ပေးပြီး တည်နေရာပြောင်းရွှေ့ခြင်းကို ဦးဆောင်ပေးကာ ပြန်လည်အခြေချမည့်သူများအား ကူညီထောက်ပံ့ပေးသည့် ဆန်းသစ်သောဖြေရှင်းချက်များအား လမ်းညွှန်ပေးရန် မျှော်လင့်သည်။

ဓာတ်ပုံ ခရက်ဒစ်- UUSC

ဗမာစာ