UUSC responds to ICE raids and National Guard deployments with unwavering solidarity for communities under attack.

တရားမမျှတမှုကို စိန်ခေါ်၊ လူ့အခွင့်အရေး မြှင့်တင်ရေး

Unitarian Universalist Service Committee သည် အခြေခံလူတန်းစား ပူးပေါင်းဆောင်ရွက်မှုများဖြင့် လူ့အခွင့်အရေးကို မြှင့်တင်ပေးပါသည်။

← စတင်မှုများ

Mudita

Mudita သည် ပိုလန်နိုင်ငံရှိ မသန်စွမ်းများကို ဘဝအကျိုးပြုစောင့်ရှောက်မှု နှင့် လူမှု့အကူအညီများ ထောက်ပံ့ပေးသည်။
Mudita 32

တည်နေရာ- Kraków, ပိုလန်နိုင်ငံ

၂၀၁၉ ခုနှစ်တွင် တည်ထောင်ခဲ့သည့် Mudita သည် ပိုလန်နိုင်ငံရှိ မသန်စွမ်းသူများ (PWDs)၊ နာတာရှည် နာမကျန်းဖြစ်သူများ၊ ၎င်းတို့၏မိသားစုများ သို့မဟုတ် စောင့်ရှောက်သူများနှင့်တွဲဖက်လုပ်ဆောင်ပြီး နေ့စဉ် စီမံအုပ်ချုပ်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ စားဝတ်နေရေး နှင့် ဥပဒေအခက်အခဲများကို ကူညီပံ့ပိုးပေးသည်။ မကြာခဏရင်ဆိုင်ရသော ပြစ်တင်ဝေဖန်မှုများ နှင့် အထီးကျန်ခြင်းများအပြင် လူမှုရေးဝန်ဆောင်မှုများ နှင့် ငွေကြေးအကျိုးခံစားမှုများ လုံလောက်မှုမရှိခြင်းတို့ကို ပိုလန်နိုင်ငံရှိ PWD များသည် ခံစားနေရသည်။ ယူကရိန်းသည် ရုရှား၏ အပြည့်အဝကျူးကျော်မှုကို ခံရပြီးနောက်၊ Mudita သည် ယူကရိန်းစစ်ပွဲမှ ထွက်ပြေးလွတ်မြောက်လာသော PWD များ နှင့် ၎င်းတို့၏မိသားစုများကို ကူညီပံ့ပိုးရန် ၎င်းတို့၏လုပ်ဆောင်ချက်နယ်ပယ်ကို တိုးချဲ့ခဲ့သည်။ ၎င်းတို့တွင် ဘာသာစကားနှစ်မျိုးဖြင့် ကူညီမှု၊ စိတ်ချရသည့် ဝှီးချဲလ်အသုံးပြုနိုင်သော နေရာထိုင်ခင်းများ ကူညီပေးခြင်းတို့အပြင် ကုထုံးစင်တာများ၊ ဆေးပညာအထူးကုများ၊ ပြန်လည်ထူထောင်ရေး နှင့် စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုတို့ကို ကူညီရှာဖွေပေးခြင်းတို့လည်း ပါဝင်သည်။

ဝါဆော နှင့် ကရားကော့မြို့ရှိ တရားဝင်လက်ခံသည့်နေရာများသည် ယူကရိန်းမှ ပိုလန်သို့ ရောက်ခါစ လူများ နှင့် လိုအပ်ချက်အတိအကျကို အံဝင်ခွင်ကျစီမံပေးနိုင်သော ယာယီခိုလှုံရာနေရာတစ်ခု လိုအပ်နေသည့် လူများအတွက် အမြဲတမ်းနေထိုင်ရာနေရာတစ်ခုကို ကူညီရှာဖွေရေးတို့အတွက် အဓိက ရည်ရွယ်သည်။ Mudita သည် မသန်စွမ်းသူများ၏မိသားစုဝင်များအတွက် အုပ်စုလိုက် ပံ့ပိုးမှုများကိုလည်း ပေးစွမ်းနိုင်သည်။ 

Mudita ၏ အလုပ်သည် ပိုလန် ကျန်းမာရေး စောင့်ရှောက်မှု နှင့် လူမှုရေး စနစ်များတွင် အပယ်ခံရပြီး မကြာခဏ လျစ်လျူရှုခံရသော လူမှု့အဖွဲ့အစည်းအတွက် အလွန်အရေးပါပြီး ၎င်းတို့၏အစီအစဉ်များသည် ဤလူမှုအဖွဲ့အစည်းကို ဒေသခံလူမှုအဖွဲ့အစည်းများသို့ ပူပေါင်းရာတွင် ကူညီပေးသည်။ 

ဓာတ်ပုံ ခရက်ဒစ်- Mudita

ဗမာစာ