After narrowly passing the Senate, Trump’s budget bill is now headed to the House, where we still have a chance to stop it. Urge your representative to vote NO on this dangerous legislation.

တရားမမျှတမှုကို စိန်ခေါ်၊ လူ့အခွင့်အရေး မြှင့်တင်ရေး

Unitarian Universalist Service Committee သည် အခြေခံလူတန်းစား ပူးပေါင်းဆောင်ရွက်မှုများဖြင့် လူ့အခွင့်အရေးကို မြှင့်တင်ပေးပါသည်။

← စတင်မှုများ

Tulele Peisa, Inc

ပါပူဝါနယူးဂီနီနိုင်ငံရှိ Bougainville ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အပင်နှင့်တိရိစ္ဆာန်ကွဲပြားမှု နှင့် ရာသီဥတုပြောင်းလဲမှုကို ကာကွယ်၍ မြှင့်တင်ရန် ပေးဆပ်မြှုပ်နှံထားသော အဖွဲ့အစည်းတစ်ခု။
Tulele Peisa, Inc.

တည်နေရာ- Port Moresby၊ ပါပူဝါနယူးဂီနီနိုင်ငံ

Tulele Peisa သည် ပါပူဝါနယူးဂီနီရှိ Carteret ကျွန်းစုများ၏ အကြီးအကဲများကောင်စီ၏ အစပျိုးမှုတစ်ခု ဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုအလိုက် ရွှေ့ပြောင်းနေထိုင်ရခြင်းကို ဖြေရှင်းရာတွင် Bougainville အစိုးရ၏ တာဝန်ယူဆောင်ရွက်ပေးမှု မရှိခြင်းကို တုံ့ပြန်ရန် ဖန်တီးခဲ့သည်။ မိသားစု ၁၅၀ စု (ကျွန်းသူ ကျွန်းသား ၁၇၀၀) ကို Bougainville ပြည်မရှိ ဘေးလွတ်ရာနေရာများသို့ ပြန်လည်နေရာချထားပေးရန် စီမံကိန်းတစ်ခုကို အဖွဲ့အစည်းမှ အစပျိုးခဲ့သည်။ ဂုဏ်သိက္ခာရှိစွာ ပြောင်းရွှေ့ခြင်းဆိုင်ရာကိစ္စရပ်များ နှင့် ပြန်လည်နေရာချထားခြင်းရာတွင် ဂုဏ်သိက္ခာရှိစွာ ပြောင်းရွှေ့နေထိုင်ရေးအတွက် အဆင်ပြေချောမွေ့စွာ မည်သို့ ငွေကြေးထောက်ပံ့နိုင်ကြောင်းတို့ကို အစီအစဉ်က ထောက်ခံအားပေးသည်။

UUSC ၏မိတ်ဖက်အဖွဲ့အစည်းသည် နေအိမ်စွန့်ခွာခဲ့ရသော Carteret ကျွန်းသူကျွန်းသားများကို Bougainville တွင် ပြန်လည်နေရာချထားပေးရန်၊ Carteret တွင် နေရစ်လိုသော မိသားစုများအား လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပံ့ပိုးရန်တို့အပြင် ဒေသတွင်း ရာသီဥတုပြောင်းလဲမှု၊ ဒီရေတောများ ကာကွယ်ရေး နှင့် ဇီဝမျိုးစုံမျိုးကွဲ မူဝါဒ၏ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် Bougainville တို့၏ ရာသီဥတုဒဏ်ခံနိုင်မှုကို ကူညီရန် Tulele Peisa ၏ဆောင်ရွက်ချက်များကို ထောက်ခံအားပေးသည်။ Tulele Peisa သည် ၎င်းတို့၏လုပ်ငန်းများကို အကောင်အထည်ဖော် စီစဉ်ဆောင်ရွက်ရန် အထူးသဖြင့် လူငယ်များဖြစ်သည့် လူမှု့အသင်းအဖွဲ့ကိုယ်စားလှယ်များနှင့် လုပ်ဆောင်သည်။ 

ဓာတ်ပုံ ခရက်ဒစ်- Tulele Peisa, Inc

ဗမာစာ