UUSC Condemns Trump Administration’s Attack on Humanitarian Aid

တရားမမျှတမှုကို စိန်ခေါ်၊ လူ့အခွင့်အရေး မြှင့်တင်ရေး

Unitarian Universalist Service Committee သည် အခြေခံလူတန်းစား ပူးပေါင်းဆောင်ရွက်မှုများဖြင့် လူ့အခွင့်အရေးကို မြှင့်တင်ပေးပါသည်။

← စတင်မှုများ

Loss and Damage Collaboration (LDC)

ဖွံ့ဖြိုးဆဲနိုင်ငံများ နှင့် ၎င်းတို့အတွင်းရှိ လူများ နှင့် လူမှု့အဖွဲ့အစည်းများတွင် ရာသီဥတုပြောင်းလဲမှုနှင့် ပတ်သတ်သော ပျက်ဆီးဆုံးရှုံးမှုများကို ရင်ဆိုင်ဖြေရှင်းရန် လိုအပ်သည့် အထောက်အပံ့များ ရှိကြောင်း သေချာစေရန် အတူတကွလုပ်ဆောင်လျက်ရှိသော အစုရှယ်ယာရှင်များနှင့် ပတ်သတ်သည့် အုပ်စုတစ်ခု။
Loss and Damage Collaboration

တည်နေရာ- လန်ဒန်၊ အင်္ဂလန်နိုင်ငံ

The Loss and Damage Collaboration (LDC) သည် ဆေးပညာရှင်များ၊ သုတေသနပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများ နှင့် ဆုံးဖြတ်ချက်ချသူများတို့ဖြင့် ဖွဲ့စည်းထားသော အဖွဲ့တစ်ခု ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှ လူမှု့အသင်းအဖွဲ့များတွင် ရာသီဥတုနှင့်ဆက်စပ်သော ပျက်စီးဆုံးရှုံးမှုများ၏အကျိုးဆက်ကို လျော့ပါးစေရန် အရင်းအမြစ်များအား အသုံးပြုခွင့်ရှိကြောင်း သေချာစေရန် ၎င်းတို့သည် ကမ္ဘာ့မြောက်ပိုင်း နှင့် တောင်ပိုင်းတို့မှ အတူတကွ လုပ်ဆောင်လျက်ရှိသည်။ ရာသီဥတုကြောင့် ဖြစ်ပေါ်လာသည့် ပျက်စီးဆုံးရှုံးမှုများ နှင့်ပတ်သတ်သော လုပ်ဆောင်ချက်ကို မြှင့်တင်ရန်အပြင် လူငယ်များ၏လုပ်ဆောင်ချက်များ၊ ထိတွေ့မှု နှင့် ရာသီဥတုနှင့်ပတ်သတ်သော ဦးဆောင်မှုများကို ထောက်ပံ့ရန်လိုအပ်ကြောင်း ကမ္ဘာတစ်ဝှမ်းမှ ရာသီဥတုအရေး တက်ကြွလှုပ်ရှားသူလူငယ်များ ခံစားမိသောအခါ Loss and Damage Youth Coalition (LDYC) အနေဖြင့် ၂၀၂၀ နွေရာသီတွင် အတူတကွ လိုက်ပါလုပ်ဆောင်လာကြသည်။ ၎င်းတို့၏ရည်မှန်းချက်မှာ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုများကို ရင်ဆိုင်ဖြေရှင်းခြင်းနှင့်ပတ်သတ်သည့် လုပ်ဆောင်ချက်ကို တိုက်တွန်းရန်အတွက် ကမ္ဘာ့လူငယ်မိတ်ဖက်အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ရန် ဖြစ်သည်။

နိုင်ငံတကာပတ်ဝန်းကျင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့၏ သတ်မှတ်ချက်အရ “ဆုံးရှုံးမှုဆိုသည်မှာ လူ့အသက်များ သို့မဟုတ် မျိုးနွယ်ပျောက်ဆုံးမှုကဲ့သို့သော ပြန်လည်မရရှိနိုင်သော ထာဝရ ပျောက်ဆုံးမှုအရာများကို ရည်ညွှန်းပြီး၊ အပျက်အစီးဆိုသည်မှာ လမ်းများ သို့မဟုတ် တာတမံများကဲ့သို့သော ပြန်လည်ပြုပြင်နိုင် သို့မဟုတ် ထိန်းသိမ်းမွမ်းမံနိုင်သော အရာများကို ရည်ညွှန်းသည်။” 

UUSC နှင့် ၎င်းတို့၏မိတ်ဖက်အဖွဲ့အစည်းများဖြစ်ကြသော LDC နှင့် LDYC တို့သည် ပျက်စီးဆုံးရှုံးမှု အထောက်အပံ့၊ လေ့ကျင့်သင်ကြားရေး နှင့် ဟောပြောခြင်းတို့နှင့် သက်ဆိုင်သော ၎င်းတို့၏လုပ်ငန်းများအတွက် ချိတ်ဆက်မှု နှင့် ဆက်သွယ်မှု ကုန်ကျစရိတ်များကို ပံ့ပိုးကူညီပေးသည်။ LDC သည် ကြွယ်ဝသော နိုင်ငံများမှ အစိုးရအဖွဲ့များနှင့် ဆောင်ရွက်ရန်၊ ကမ္ဘာတစ်ဝှမ်းမှ လူငယ်များအတွက် လေ့ကျင့်သင်ကြားရေးကို စီမံခန့်ခွဲရန်တို့အပြင် ရာသီဥတုပြောင်းလဲမှုကြောင့် လူငယ်များ မည်သို့ သက်ရောက်ခံစားနေရကြောင်း မီးမောင်းထိုးပြသည့် ဒီဂျစ်တယ်ဖြင့် အချကအလက်ကျကျပုံပြောခြင်းတို့ကို ဖန်တီးရန် စီစဉ်ထားသည်။

ကမ္ဘာ့တစ်ဝှမ်းအတိုင်းအတာတစ်ခုရှိ ပျက်စီးဆုံးရှုံးမှုများကို ရင်ဆိုင်ဖြေရှင်းခြင်းနှင့်ပတ်သတ်သော လုပ်ဆောင်ချက်ကို တိုက်တွန်းရန် နှင့် အသိပညာများ မြှင့်တင်ရန် LDYC က မျှော်လင့်လျက်ရှိသည်။ ရေရှည်တွင် ရာသီဥတုပြောင်းလဲမှုကြောင့် ခံစားနေရသော သူများ နှင့် လူမှု့အသင်းအဖွဲ့များကို ရာသီဥတုဒဏ်ကြံ့ကြံ့ခံနိုင်မှု နှင့် ဂုဏ်သိက္ခာရှိစွာ နေထိုင်နိုင်သည့် ကမ္ဘာတစ်ခုကို ကူညီဖန်တီးပေးရန် ၎င်းတို့အနေဖြင့် မျှော်လင့်သည်။ ၎င်းတို့သည် ပျက်စီးဆုံးရှုံးမှုများကို ရင်ဆိုင်ဖြေရှင်းရနိုင်သောကြောင့် ရာသီဥတုဒဏ်ခံနေရသည့် လူမှု့အသင်းအဖွဲ့များ နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများကို တောင့်တင်းခိုင်မာသော အရင်းအမြစ်များ ပို့ဆောင်ပေးရန် ဖွံ့ဖြိုးပြီးနိုင်ငံများအား ကူညီ၍ ဩဇာလွှမ်းမိုးစေသည်။ ပျက်စီးဆုံးရှုံးမှုကို ရင်ဆိုင်ဖြေရှင်းခြင်းအား အာရုံစိုက်ထားပြီး လေးနက်သော အသိပညာပေးမှုနှင့် ချိတ်ဆက်ထားသည့် ဤငွေကြေးထောက်ပံမှုသည် ဆင်းရဲနွမ်းပါးသောနေရာရှိ လူသန်းပေါင်းများစွာ၏ ပစ္စည်းအခြေအနေများကို သက်ရောက်ပါလိမ့်မည်။ 

ဓာတ်ပုံ ခရက်ဒစ်- Loss and Damage Collaboration / David Andrako for Global Citizen

ဗမာစာ