တရားမမျှတမှုကို စိန်ခေါ်၊ လူ့အခွင့်အရေး မြှင့်တင်ရေး

Unitarian Universalist Service Committee သည် အခြေခံလူတန်းစား ပူးပေါင်းဆောင်ရွက်မှုများဖြင့် လူ့အခွင့်အရေးကို မြှင့်တင်ပေးပါသည်။

← စတင်မှုများ

Loss and Damage Youth Coalition

Loss and Damage Youth Coalition (LDYC) သည် ရာသီဥတုအကျပ်အတည်းများကြောင့် ဖြစ်ပေါ်လာသော အပျက်အစီးများကို ရင်ဆိုင်ဖြေရှင်းရန် ဆောင်ရွက်နေကြသည့် ကမ္ဘာ့တောင်ပိုင်း နှင့် မြောက်ပိုင်းမှ အဖွဲ့အစည်း ၄၀ ကျော်၏ ကိုယ်စားပြုလူငယ် ၃၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသော ညွန့်ပေါင်းအဖွဲ့ ဖြစ်သည်။
Loss and Damage Youth Coalition

တည်နေရာ- လန်ဒန်၊ အင်္ဂလန်နိုင်ငံ

The Loss and Damage Youth Coalition (LDYC) ရာသီဥတုဆိုင်ရာ တရားစီရင်ရေး၊ အထူးသဖြင့် ငွေကြေးပိုင်းဆိုင်ရာ ပျက်စီးဆုံးရှုံးမှုတို့နှင့်ဆက်စပ်သော ပြဿနာများ နှင့် ထိတွေ့မှုအပြင် လူငယ်ခေါင်းဆောင်များ နည်းပါးနေခြင်းတို့ကို ဖြေရှင်းရန် ၂၅ ကြိမ်မြောက် Conference of Parties (COP) အပြီး Loss and Damage Youth Coalition (LDYC) ကို ဖွဲ့စည်းခဲ့သည်။ ထိုကတည်းက ၎င်းတို့သည် သဘာဝဘေးအန္တရာယ်နှင့်ဆက်စပ်သော ပျက်စီးဆုံးရှုံးမှုများ၌ မျှတမှုမရှိသည့်အခြေအနေများကို မီးမောင်းထိုးပြရန် လုပ်ဆောင်ခဲ့ကြသည်။ particularly around loss and damage financing. Since then, they’ve worked to highlight inequality in climate disaster-related loss and damage. 

LDYC ၏စိတ်ကူးစိတ်သန်းမှာ ပျက်စီးဆုံးရှုံးမှုများကို မျှတသည့်နည်းလမ်းဖြင့် ရင်ဆိုင်ဖြေရှင်းနိုင်ခြင်းအပြင် ဖွံ့ဖြိုးပြီးနိုင်ငံများသည် ရာသီဥတုကပ်ဘေးကြောင့် ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ကုစားပေးရာတွင် အရေးကြီးကိစ္စတစ်ရပ်အနေဖြင့် ပိုမိုထောက်ပံ့ပေးရန်အတွက် တာဝန်ယူပေးနိုင်သည့် ကမ္ဘာကြီးတခု ဖြစ်လာစေရန် ဖြစ်သည်။ ညွန့်ပေါင်းအဖွဲ့မှ မျှော်မှန်းသည်မှာ တည်ငြိမ်သော ရာသီဥတု နှင့် ဘေးကင်းသော ပတ်ဝန်းကျင်အဖြစ် အနာဂတ်လူငယ်များ ဂုဏ်ယူဝင့်ကြွားနိုင်ခွင့်ရှိလာမည့် ကမ္ဘာတစ်ခု ဖြစ်သည်။

LDYC သည် ကမ္ဘာ့လူငယ်မဟာမိတ်တစ်ခုကို ဖွဲ့စည်း၍ ပျက်စီးဆုံးရှုံးမှုကို ရင်ဆိုင်ဖြေရှင်းသည့် လုပ်ဆောင်ချက်ကို တိုက်တွန်းရန် ၎င်းတို့၏တာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမှတစ်ဆင့် ဤစိတ်ကူးစိတ်သန်းကို ရရှိလာရန် စီစဉ်သည်။ LDYC ၏ရည်ရွယ်ချက်များတွင်-

  • ပျက်စီးဆုံးရှုံးမှုကို ဖြေရှင်းရန် လုံလောက်သော ငွေကြေးအရင်းအနှီးအသစ်များ တည်ထောင်ခြင်းများအတွက် အားပေးတိုက်တွန်းခြင်း၊
  • ပျက်စီးဆုံးရှုံးမှုများ ဖြေရှင်းခြင်းနှင့်ပတ်သတ်သော အရေးယူမှုများကို နားလည်သဘောပေါက်ရန် ကမ္ဘာ့လူငယ်များ၏စွမ်းရည်ကို တိုးမြှင့်ပေးခြင်းတို့အပြင်
  • နိုင်ငံတွင်း နှင့် နိုင်ငံတကာအဆင့်တွင် ပျက်စီးဆုံးရှုံးမှုများကို ဆုံးဖြတ်ချက်ချရာတွင် လူငယ်များပါဝင်အားဖြည့်မှုကို တိုးမြှင့်ပေးခြင်းတို့ ပါဝင်သည်။

UUSC သည် ရာသီဥတုအကျပ်အတည်းကာလတွင် ရှေ့တန်းတစ်နေရာ၌ လုပ်ကိုင်ဆောင်ရွက်နေကြသော လူမှု့အသင်းအဖွဲ့များကိုယ်စား အားပေးတိုက်တွန်းရန် ညွန့်ပေါင်းအဖွဲ့၏ကတိကဝတ်ကို ဦးဆောင်၍ ဆောင်ရွက်ပေးသည်။ 

ဓာတ်ပုံ ခရက်ဒစ်- Loss and Damage Youth Coalition

ဗမာစာ