တရားမမျှတမှုကို စိန်ခေါ်၊ လူ့အခွင့်အရေး မြှင့်တင်ရေး

Unitarian Universalist Service Committee သည် အခြေခံလူတန်းစား ပူးပေါင်းဆောင်ရွက်မှုများဖြင့် လူ့အခွင့်အရေးကို မြှင့်တင်ပေးပါသည်။

← စတင်မှုများ

Rural Community Workers Alliance

သည် အနောက်အလယ်ပိုင်းတွင် တည်ရှိသော အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး ဖိနှိပ်ချုပ်ချယ်မှုကို ရင်ဆိုင်နေရသည့် လူမှုအဖွဲ့အစည်းများ၏အခွင့်အရေးကို ကာကွယ်ပေးသည်။
Rural Community Workers Alliance

တည်နေရာ- မီလန်မြို့၊ မစ်ဆိုရီပြည်နယ်

- Rural Community Workers Alliance (RCWA) ၏ ရည်မှန်းချက်သည် ၎င်းတို့၏ဒေသခံလူမှု့အသင်းအဖွဲ့များတွင် ရွှေ့ပြောင်းနေထိုင်သူ နှင့် ဒုက္ခသည်စခန်းမှ အလုပ်သမားများ ခန့်ထားမှုကို ဖွဲ့စည်းအားကောင်းလာစေရန် ဖြစ်သည်။ ၎င်းတို့၏အဖွဲ့ဝင်များ ရင်ဆိုင်နေရသော ပြဿနာများ၏အဓိကအကြောင်းအရင်းကို ဖြေရှင်းရန်၊ ကျန်းမာရေးစနစ်များ နှင့် ဝန်ဆောင်မှုများကို လုံခြုံရေးတိုးမြှင့်ရန်တို့အပြင် အစားအစာထုတ်လုပ်သည့် စက်ရုံမှ လုပ်သားများအတွက် ဘေးကင်းသော အလုပ်ခွင်ကို သေချာဖန်တီးပေးရန် ကြိုးပမ်းလျက်ရှိသည်။

RCWA သည် နိုင်ငံတော်အဆင့် အသား နှင့် အသားစားကြက်မွေးမြူရေးစက်ရုံများတွင် လုပ်ငန်းခွင် စွမ်းရည်အဆင့်များ တိုးတက်လာရန် ကိုယ်စားလှယ်ရုံးများ နှင့် အခြားအုပ်စုတို့ဖြင့် ပူးပေါင်းဆောင်ရွက်ထားသည်။ ဥပမာအားဖြင့်- ၎င်းအဖွဲ့သည် Occupational Safety and Health Administration (OSHA) ကို သင့်လျော်သည့်အခါအလျောက် ဆက်လက်ဖိအားပေး၍ မီလန် နှင့် မစ်ဆိုရီပြည်နယ်၌ လည်ပတ်လျက်ရှိသော စက်ရုံများအား စစ်ဆေးခြင်းအပြင် ထွက်လာသည့် ရလဒ်များကိုပါ စီမံခန့်ခွဲရန် စက်ရုံလုပ်သားများနှင့် လုပ်ဆောင်လျက်ရှိသည်။ RCWA သည် လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးမှုအပါအဝင် ဆိုးရွားသော အလုပ်ခွင်အခြေအနေများ၊ ကြီးကြပ်ရေးမှုများမှ နှုတ်အားဖြင့် စော်ကားခံရမှု နှင့် ပွင့်လင်းစွာ ပြောဆိုမှုအတွက် လက်တုံ့ပြန်အလုပ်ထုတ်ခံရမှု စသည်တို့ကို ရင်ဆိုင်နေရသော လုပ်သားများကိုလည်း အားပေးထောက်ခံလျက်ရှိသည်။ ၎င်းအဖွဲ့သည် ကာကွယ်ဆေးအထောက်အပံ့ ကူညီပံ့ပိုးခြင်း နှင့် မဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်း အပါအဝင် မဲပေးခွင့် နှင့် COVID-19 ပြဿနာများကို သီးခြားအလုပ်သမားများအား များစွာသော နယ်ကျော်ကမ်းလင့်ထောက်ကူမှုကို ပြုလုပ်ပေးသည်။

RCWA သည် အချိန်အတိုင်းအတာတစ်ခုအထိ ရှိနေပြီး အလုပ်သမားများ နှစ်ပေါင်းများစွာ ရင်ဆိုင်နေရသော ပြဿနာများကို ဖြေရှင်းရန် ဆောင်ရွက်လျက်ရှိသည်။ သို့သော်လည်း မဟာမိတ်အဖွဲ့သည် ဤပြဿနာများကို ရင်ဆိုင်ရာတွင် တစ်ဦးတစ်ယောက်တည်း မဟုတ်ဘဲ၊ နောက်ထပ်အခြားအဖွဲ့အစည်းများအပြင် လူမှု့အသင်းအဖွဲ့များနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သည်။ ၎င်းတို့ထဲမှ တစ်ခုမှာ UUSC ဖြစ်ပြီး ၎င်းတို့မဲဆန္ဒရှင်များ၏ထုတ်ဖော်ပြောဆိုသံများကို ကြားရရန် ကူညီပေးသည်။ လူမှု့အသင်းအဖွဲ့ရှိ အသားထုတ်လုပ်သည့်စက်ရုံများအတွင်း အခြေအနေများ နှင့် ရုန်းကန်မှုများကို ချိတ်ဆက်ရန် နှင့် ထိရောက်စွာ စီမံရန် စွမ်းရည်ကို RCWA က သရုပ်ဖော်ပြသထားသည်။ 

ဓာတ်ပုံ ခရက်ဒစ်- Rural Community Workers Alliance

ဗမာစာ